ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်းမရှိသူ အစိုးရအရာရှိတွေကို အပြစ်ပေးရန် အာဏာရပါတီက တောင်းဆိုထားပါတယ်။

မြောက်ကိုရီးယားမှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်စဥ် ဒါဇင်နဲ့ချီ သေဆုံးမှုများဖြစ်စေခဲ့တဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်းမရှိသူ အစိုးရအရာရှိတွေကို အပြစ်ပေးရန် အာဏာရပါတီက တောင်းဆိုလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာက ယနေ့ (စက်တင်ဘာ ၅ ရက်) ဖော်ပြပါတယ်။

(Photo: Bloomberg)

မြောက်ကိုရီးယားမှာ မိုးသည်းထန်မှု၊ ရေကြီးမှုနဲ့ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုတို့ဖြင့် ရုန်းကန်နေရပြီး စိုစွတ်မှုအဖြစ်ဆုံး မိုးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းမေဆက်ခ် (Typhoon Maysak) ဝင်ရောက်တိုက်ခတ်ခဲ့ရာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမြို့ ဝန်ဆန်နဲ့ အနီးအနားရှိ Kangwon ပြည်နယ်မှ အစိုးရအရာရှိတွေဟာ မုန်တိုင်းအန္တရာယ်ရှိ အဆောက်အအုံတွေကို ကာကွယ်ရန်နဲ့ ဒေသခံတွေကို ရွှေ့ပြောင်းရမယ့် အလားအလာတို့အတွက် ညွှန်ကြားချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်း မရှိဘူးလို့ မြောက်ကိုရီးယား အာဏာရပါတီရဲ့ Rodong Sinmun သတင်းစာက ရေးသားထားပါတယ်။

(Photo: KCNA)

"မြို့နဲ့ ပြည်နယ်ဆိုင်ရာ တာဝန်ရှိသူတွေက ပါတီရဲ့ လမ်းညွှန်ချက်တွေကို လက်မခံခဲ့ကြတာကြောင့် ဒါဇင်နဲ့ချီတဲ့ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ခဲ့ပါတယ်" လို့ သတင်းစာက ပြောခဲ့ပါတယ်။ ပါတီက တာဝန်ရှိသူတွေရဲ့ မှားယွင်းမှုတွေကို ပြန်သုံးသပ်ရန် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး တိကျပြတ်သားတဲ့ ဥပဒေအရ အပြစ်ပေး အရေးယူမှုလုပ်ရန် ဆောင်ရွက်နေကြောင်း Rodong Sinmun သတင်းစာက ဖြည့်စွက် ဖော်ပြပါတယ်။



မြောက်ကိုရီးယား ရုပ်မြင်သံကြားသတင်းဌာနက တိုင်ဖွန်းမေဆက်ခ် တိုက်ခတ်မှုကြောင့် ဝန်ဆန်မြို့မှ အပါအဝင် မုန်တိုင်းဖြတ်သန်းရာ နေရာတွေမှာ မုန်တိုင်းဒီရေ မြင့်တက်ရိုက်ခတ်မှုနဲ့ မိုးသည်းထန်မှုတို့ ဖြစ်ပေါ်တဲ့အခြေအနေတွေကို ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂ ရက်) မှာ ရှားရှားပါးပါး တိုက်ရိုက် သတင်းထုတ်လွှင့်ခဲ့ပါတယ်။

(Photo: AFP)

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း တံတားတစ်စင်းပျက်စီးနေမှု၊ ရေကြီးနေတဲ့ နေရာတွေနဲ့ အဆောက်အအုံများ၊ အသံချဲ့စက်များတင်ဆောင်ထားတဲ့ ဗင်ကားတစ်စီးက မုန်တိုင်းအန္တရာယ်ကင်းစေရန် သတိပေးချက်များ ထုတ်လွှင့်နေမှုတို့ကို ပြသခဲ့ပါတယ်။ Rodong Sinmun မှာ ဖော်ပြထားထားတဲ့ သီးခြားသတင်းတစ်ရပ်မှာတော့ နိုင်ငံအလယ်ပိုင်းရှိ ပျက်စီးခဲ့တဲ့ စိုက်ပျိုးမြေယာတွေကို ပြင်ဆင်နေမှုများနဲ့ စစ်သားတွေက အိမ်တွေ၊ တံတားတွေနဲ့ နိုင်ငံတစ်ဝန်း မြစ်ကမ်းတွေကို ပြင်ဆင်နေမှုတို့ကိုလည်း တွေ့ရတယ်လို့ Reuters သတင်းက ပြောပါတယ်။

Share

Loading Next Article...
က္က