ကျောက်ပန်းတောင်းဒေသခံကိုယ်တိုင်ရောင်းတာမို့ အညာစာကို အညာအရသာအတိုင်းစားရမယ့်ဆိုင်လေးပါ။

အညာအစားအစာကြိုက်နှစ်သက်သူတွေအတွက်အညာစာနဲ့အညာမုန့်တွေကိုအညာအရသာအတိုင်းစားရမယ့်ဆိုင်ကောင်းလေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။



ကျောက်ပန်းတောင်းကနေရန်ကုန်

တို့ရိုးရာကျောက်ပန်းတောင်းမုန့်ပျားသလက်ဆိုင်ကတော့ကျောက်ပန်းတောင်းဒေသအစားစာတွေရောင်းတဲ့အညာစာဆိုင်လေးပါ။ကျောက်ပန်းတောင်းဒေသခံကိုယ်တိုင်ရန်ကုန်မှာလာဖွင့်တဲ့ဆိုင်လေးမို့အညာစာကိုအညာအရသာအတိုင်းစားရမယ့်ဆိုင်လေးပါ။ဆိုင်ရှင်ကအစိုးရ၀န်ထမ်းအလုပ်ကနေထွက်ပြီးဒီဆိုင်ကိုဖွင့်ခဲ့တာလို့သိရပါတယ်။မုန့်ပျားသလက်ရောင်းဖို့အတွက်အညာကနေရန်ကုန်တက်လာတာလို့ဆိုင်ရှင်ကပြောပြပါတယ်။

“ကျွန်တော်က အစိုးရ၀န်ထမ်းအလုပ်ကနေ၂၀၁၉မှာထွက်လိုက်ပြီး ကိုယ်ပိုင်စီးပွားရေးလေးစလုပ်ဖြစ်တာပါ။ရန်ကုန်မှာဆိုင်လာဖွင့်ဖြစ်တာကတော့ကျွန်တော်တို့နယ်ကိုအနယ်နယ်အ ရပ်ရပ်ကဘုရားဖူးတွေလာတဲ့အခါ မုန့်ပျားသလက်ကိုကြိုက်ကြ၊စားကြတယ်။ရန်ကုန်ကလူတွေလည်းကြိုက်ကြတဲ့အခါကြ ရန်ကုန်မှာမုန့်ပျားသလက်ရောင်းရင်တော့ အဆင်ပြေမှာပဲဆိုပြီး ရန်ကုန်တက်ပြီးဆိုင်ဖွင့်ဖြစ်တာပါ”လို့ ဆိုင်ရှင်ဦး၀င်းနိုင်ဦးကပြောပါတယ်။

ကျောက်ပန်းတောင်းမြို့ရဲ့သရေစာမုန့်

ကျောက်ပန်းတောင်းမြို့ရဲ့သရေစာဖြစ်တဲ့ကျောက်ပန်းတောင်းမုန့်ပျားသလက်ကတော့ ကျောက်ပန်းတောင်းသူကျောက်ပန်းတောင်းသားတိုင်းလုပ်တက်တဲ့ မြို့ဂုဏ်ဆောင်ဒေသအစားစာတစ်ခုဖြစ်ပါတယ်။မြို့ရဲ့နာမည်ကြီးသရေစာကို ရန်ကုန်မှာရောင်းတဲ့အခါ ရန်ကုန်ရောက်‌ကျောက်ပန်းတောင်းမြို့ ခံတွေကသတိတရလာစားကြသလို ရန်ကုန်မြို့ ခံတွေကလည်းအညာမုန့်ပျားသလက်အရသာကိုနှစ်သက်လို့ လာရောက်စားသုံးကြတယ်လို့ ဆိုင်ရှင်ကဆိုပါတယ်။

‌‌ဒေသမုန့်နဲ့အကျိုးပေးသူ

တို့ရိုးရာကျောက်ပန်းတောင်းမုန့်ပျားသလက်ဆိုင်သက်တမ်းက(၂)နှစ်ရှိပြီဖြစ်ပါတယ်။ရန်ကုန်ရောက်စ ဆိုင်စဖွင့်ချိန်ကလူသိနည်းခဲ့တဲ့ဆိုင်လေးဟာ အခုချိန်မှာတော့ပုံမှန်ဖောက်သည်တွေနဲ့ရောင်းအားကောင်းလာပါပြီ။အရင်ကမုန့်ပျားသလက်အတွက်ဆန်မုန့်နှစ်(၂)ပြည်လောက်ပဲကုန်တာကနေအခုတော့တစ်ရက်ကို(၈)ပြည်လောက်အနည်းဆုံးကုန်တယ်လို့သိရပါတယ်။ 

“ဆိုင်ဖွင့်စကလူသိနည်းတော့သိပ်မရောင်းရတဲ့အချိန်တွေလည်းရှိခဲ့တယ်။အခုကြဆိုင်လာစားတဲ့သူတွေရော၊ဒလီနဲ့မှာတဲ့သူတွေရောနဲ့လက်မလည်ဘူး။ကျွန်တော်၀န်ထမ်းရော၊တခြားစီးပွားရေးရောလုပ်ခဲ့ဖူးတယ်။မုန့်ပျားသလက်ကတော့ ကျွန်တော်တို့မိသားစုအတွက်အကျိုးပေးတယ်။”လို့ ဦး၀င်းနိုင်ဦးကပြောပါတယ်။

ညာအသုပ်တွေလဲစုံနေအောင်ရ

တို့ရိုးရာကျောက်ပန်းတောင်းမုန့်ပျားသလက်ဆိုင်လေးမှာတော့ အညာအသုပ်မျိုးစုံလည်း စုံနေအောင်ရပါတယ်။သင်္ဘောသီး၊တို့ဟူး၊ပဲပင်ပေါက်၊ကြာဇံ၊ပဲတောင့်ရှည်၊အာလူး၊ဆီချက်အနီ၊ပဲမှုန့်တို့နဲ့သုပ်တဲ့အညာအသုပ်စုံရသလို အညာအရွက်သုပ်မျိုးစုံလည်းရပါတယ်။အညာအရသာအတိုင်းမြေပဲဆံစီးစီး၊ဆီချက်မွှေးမွှေးလေးနဲ့စားရမှာပါ။

စျေးနှုန်းနဲ့ရနိုင်တာတွေက

ဒီဆိုင်မှာ မုန့်ပျားသလက်အရသာ(၁၄)မျိုးလောက်ရပြီးချိစ်နဲ့လုပ်တဲ့မုန့်ပျားသလက်ပီဇာလည်းရပါတယ်။မုန့်ပျားသလက်စျေးနှုန်းကတော့ အလွတ်တချပ်(၇၀၀)ကနေစပြီး အညာအရွက်သုပ်တွေတော့တစ်ပွဲကို(၂၀၀၀)ကျပ်၀န်းကျင်ကစပါတယ်။ဒီဆိုင်မှာရောင်းတဲ့အညာအစားစာတွေကစျေးတန်ပြီးလက်ရာကောင်းလို့နေ့လည်ထမင်းစားချိန်နဲ့အဆာပြေစားချိန်တွေဆိုရင်တော့လက်မလည်အောင်ရောင်းကောင်းပါတယ်။ 


ဆိုင်လိပ်စာလေးကတော့

တို့ရိုးရာကျောက်ပန်းတောင်းမုန့်ပျားသလက်ဆိုင်လေးရဲ့လိပ်စာကတော့မြောက်ဒဂုံမြို့နယ်၊ဗိုလ်မင်းရောင်လမ်းနဲ့လောပိတလမ်းထောာင့်မှာဖြစ်ပါတယ်။အညာအစားစာကြိုက်နှစ်သက် သူတွေအတွက်စျေးတန်လက်ရာကောင်းတဲ့ဆိုင်လေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က