မနက် ၃ နာရီကနေ ၈ နာရီ ၄၅ မိနစ်အထိ လေယာဉ်အတက်အဆင်းရပ်ဆိုင်းထားပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းမှာ မြူထူထပ်စွာကျဆင်းမှုကြောင့် မနက် ၃ နာရီကနေ ၈ နာရီ ၄၅ မိနစ်အထိ လေယာဉ်အတက်အဆင်းတွေ ခေတ္တရပ်ဆိုင်းထားခဲ့ရတယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က သတင်းထုတ်ပြန်ကြေညာပါတယ်။


Photo - Yangon International Airport




၈ နာရီ ၄၅ မိနစ်မှာ လေယာဉ်တွေ ပြန်လည်ထွက်ခွာပျံသန်းနိုင်ခဲ့ပြီး မနက် ၉ နာရီ ၁၅ မိနစ်မှာ ဆိုက်ရောက်လေယာဉ်တွေ ပြန်လည်ဆင်းသက်နိုင်ခဲ့တယ်လို့ ရန်ကုန်လေဆိပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လေယာဉ်ခရီးစဉ် အချို့ နောက်ကျမှုတွေဖြစ်ပေါ်နိုင်တာကြောင့် ခရီးသည်တွေအနေနဲ့ လေယာဉ်ခရီးစဉ် ပြောင်းလဲမှုတွေအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းတွေကို ဆက်သွယ်စုံစမ်းကြဖို့ သတိပေး ကြေညာထားပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်း ထုတ်ပြန်ချက်အရ ဒီကနေ့ ညနေ အထိ ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး တနသာၤရီတိုင်း၊ရှမ်း၊ကယား၊ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာမယ်ဆိုပြီး မိုးဇလက ကြေညာထားပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာတော့ အများအားဖြင့်သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က