လက်ရှိမှာ တစ်သင်းတည်း အသင်းဖော်ဖြစ်နေကြတာပါ။

အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းဖော် မူဆီအာလာကို အင်္ဂလန်လက်ရွေးစင်အသင်းမှာ မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပါတယ်။ မူဆီအာလာဟာ ချဲလ်ဆီးကစားသမားဟောင်းဖြစ်ပါတယ်။



ဒါ့အပြင် အင်္ဂလန်သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ ကစားဖူးတဲ့ သူ့အနေနဲ့ လက်ရွေးစင် ကိုယ်စားပြုခွင့်အတွက် အင်္ဂလန်ကို ရွေးချယ်ခွင့်ရှိခဲ့ပေမယ့် ဂျာမနီကိုသာ ရွေးချယ်သွားခဲ့တာပါ။ အင်္ဂလန်ဘက်က မူဆီအာလာကို ပြန်လည်ရွေးချယ်ဖို့ ကြိုးစားခဲ့သေးပေမယ့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။
လက်ရှိမှာတော့ မူဆီအာလာက ဘိုင်ယန်မြူးနစ်အတွက်ရော၊ ဂျာမနီလက်ရွေးစင်အတွက်ပါ အားကိုးရတဲ့ကစားသမားအဖြစ် ရှိနေပါတယ်။ အင်္ဂလန်မှာ မြင်တွေ့လိုတဲ့ ဂျာမနီကစားသမားအကြောင်း မေးမြန်းချိန်မှာ ဟယ်ရီကိန်းက အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းက “လက်ရှိမှာ ကျွန်တော်က မူဆီအာလာနဲ့ တွဲကစားနေရပြီး အင်္ဂလန်သားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူက ဂျာမနီလက်ရွေးစင်ကိုပဲ ရွေးချယ်ခဲ့တာပါ။ သူက အံ့အားသင့်ဖွယ် ကစားသမားကောင်းတစ်ယောက်ပါ”
“ဒီတော့ သူသာ ဂျာမနီကို ကျော်ပြီး အင်္ဂလန်လက်ရွေးစင်ကိုသာ ရွေးချယ်ခဲ့ရင် ကျွန်တော် သဘောကျမိမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မူဆီအာလာဟာ လူငယ်ကစားသမားဘဝမှာ ချဲလ်ဆီးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာတော့ တောက်ပတဲ့ ကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။

Share

Loading Next Article...
က္က