ဂျာမနီတို့ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပါပြီ။

မနေ့ညက ကစားခဲ့တဲ့ ဂျာမနီနဲ့ ဟန်ဂေရီတို့ရဲ့ ယူရို-၂၀၂၄ အုပ်စုပွဲမှာတော့ ဂျာမနီက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်ပဲ ဂျာမနီတို့ အုပ်စုမှာ နှစ်ပွဲကစား၊ နိုင်ပွဲနိုင်နဲ့ နောက်တစ်ဆင့်ကို စောစောစီးစီး တက်ရောက်ခဲ့ပါတယ်။



ဂျာမနီက အဖွင့်ပွဲက လူစာရင်းအတိုင်းပဲ မပြောင်းလဲဘဲ ပွဲထွက်ခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဟန်ဂေရီကလည်း ဆိုဘော့ဇလိုင်းရဲ့ တိုးအားတွေနဲ့ အကောင်းဆုံး ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

ပထမပိုင်းမှာ သွင်းဂိုးတစ်ဂိုး ရလိုက်သေးပေမယ့် လူကျွံနေခဲ့တာကြောင့်လည်း ဟန်ဂေရီတို့ နစ်နာခဲ့ရပါတယ်။ ဂျာမနီအတွက် အဖွင့်ဂိုးကိုတော့ မူဆီအာလာက ပင်နယ်တီဧရိယာအတွင်း ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ ကန်သွင်းယူခဲ့ပါတယ်။

နောက်ပိုင်းမှာ ဟန်ဂေရီရဲ့ ကစားပုံက ပိုကောင်းလာခဲ့ပေမယ့် အခွင့်အရေးကောင်းတွေကို ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒုတိယပိုင်းမှာလည်း ဂျာမနီက ပိုမိုထိရောက်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပြီး အနိုင်သေချာစေမယ့် သွင်းဂိုးကို ဂွန်ဒိုဂန်က သွင်းယူပေးခဲ့ပါတယ်။

နှစ်ဂိုးဂိုးမရှိနဲ့ ပွဲပြီးခဲ့ပြီး မူဆီအာလာကတော့ ယူရိုမှာ နှစ်ပွဲဆက်တိုက် ဂျာမနီအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။ ဂျာမနီအတွက်တော့ အုပ်စုနောက်ဆုံးပွဲ ဆွစ်ဇာလန်နဲ့ပွဲက ဘာဖိအားမှမရှိတော့ဘဲ အေးအေးဆေးဆေး ကစားခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က