“မိုးစက်များက ပြောသော” သီချင်း အကြောင်းကို ပြောပြလာပါတယ်။

ရွှေမှုံရတီကတော့ “ မိုးစက်များက ပြောသော” Music Video လေးထဲမှာ ရွှေထူးကို ပါးတကယ်ရိုက်ခဲ့ရပေမယ့် ရွှေထူးကတော့ သူမကို တကယ် ပါးမရိုက်ခဲ့ဘူးလို့ ဆိုပါတယ်။ 

“မိုးစက်များက ပြောသော” Music Video လေးထဲမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ မာနတွေ အပြိုင်နေကြတဲ့ ချစ်သူစုံတွဲအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ သီချင်းထဲမှာ ရွှေမှုံရတီက ရွှေထူးကို ပါးတကယ် ရိုက်ခဲ့တာဟာ ရင်ထဲလုံးဝမကောင်းခဲ့ဘူးလို့ မီဒီယာတွေကို ပြောပြလာပါတယ်။ 



“ အပြင်မှာတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တော့ ရှိတတ်တယ်။ ဒါပေမယ့် နည်းနည်းပဲ ရန်ဖြစ်ကြတာ။ MV ထဲမှာ ကိုရွှေထူးကို သဲက ပါး တကယ်ရိုက်လိုက်တာ။ ကိုရွှေထူးကတော့ သဲကို တကယ်မရိုက်ပါဘူး။ သူ့ကို ရိုက်ရတာ ရင်ထဲတော့ တကယ် မကောင်းဘူးပေါ့။ ရိုက်နေတဲ့ အချိန်မှာတော့ ဘာမှာ မဖြစ်ဘူး။ ရိုက်ပြီးသွားတဲ့ အချိန်မှာ တကယ် စိတ်မကောင်းဘူး။ကိုယ် ဘယ်လောက်တောင် ရိုက်လိုက်မိတယ်မသိဘူး။ သူ့ မျက်နှာကြီး တစ်ခြမ်းတော့ ယောင်သွားတယ်” လို့ သူက ဆိုပါတယ်။ 

ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အတွဲသီချင်း အသစ်လေးဖြစ်တဲ့ “မိုးစက်များက ပြောသော” သီချင်းကို ဇူလိုင်လ (၁၂) ရက်နေ့က ရွှေထူးရဲ့ Facebook Page ကနေ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကို မိတ်ဆက်ပေးခဲ့တဲ့ (၄) နာရီအတွင်းမှာ အားပေးသူ ပရိသတ်ပေါင်း (၂) မီလီယံအထိ ရှိခဲ့တာပါ။ သြဂုတ်လ (၁၂)ရက်နေ့မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုဟာ (၆.၃) မီလီယံ အထိရှိခဲ့ပြီဖြစ်ပါတယ်။ 

ဒီသီချင်းကို စိတ်တိုင်းကျ ပုံဖော်ရိုက်ကူူးခဲ့တဲ့ ရည်ရွယ်ချက်ကိုလည်း ရွှေမှုံရတီက ဝိန့်စိန်ရွှေဆိုင် ကြော်ငြာရိုက်ကွင်းမှာ အခုလို ပြောပြခဲ့ပါတယ်။ 

“ ဒီသီချင်းက သွင်းထားတာ တစ်နှစ်လား၊ နှစ်နှစ်လား မသိဘူး။ ဒီနှစ်မှ သီချင်းကို ထွက်ဖြစ်သွားတယ်။ ဘာပဲပြောပြော အောင်အောင်မြင်မြင်၊ ဆန်းဆန်းပြားပြားလေးလုပ်ထားပါတယ်။ ပရိသတ် သိတဲ့အတိုင်း ရွှေမှုံရတီကတော့ အမြဲတမ်း ဂယက်ထအောင် လုပ်ရမှဆိုတော့ နည်းနည်း ဂယက်ထအောင် လုပ်လိုက်တဲ့ သဘောပါ။ ကျန်တာတော့ ဘာမှ မရှိပါဘူး။ အပြင်မှာ အရမ်းချစ်ကြတဲ့ စုံတွဲဖြစ်နေလို့ MV ထဲမှာ ကြမ်းကြမ်းလေး သရုပ်ဆောင်ကြမယ် ဆိုပြီး လက်ဝါးရိုက်လိုက်တာပါ။ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်လို့ သဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။ 

ရွှေမှုံရတီ ဟာ အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟာ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးဖြစ်လို့နေပါပြီ။ ပရိသတ် အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားသူဖြစ်သလို ကျရာ ဇာတ်ရုပ်မှာလည်း အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး တစ်ယောက်ပါ။ သူမဟာ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးနဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဘက်ကိုပါ ခြေလှမ်းလာပြီဖြစ်တဲ့ သူမဟာ ရွှေထူးနဲ့ အတူ သီချင်းတွေ ဆိုလာတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က