အင်္ဂါနေ့ညနေမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူပါ။

တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ အသင်းဥက္ကဌ လီဗိုင်းရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် နိုင်ငံတကာပွဲစဉ်သွားရောက်ကစားနေတဲ့ ကစားသမားတွေအတွက် နည်းစနစ်ဘုတ်မှာ စိတ်ထိခိုက်ကြေကွဲဖွယ် နှုတ်ဆက်စာရေးနေပုံကို လက်ထောက်နည်းပြ ဂျီးဆပ်ပီးရက်ဇ်က မျှဝေခဲ့ရာမှာ ပရိသတ်တွေအနေနဲ့ မျက်ရည်ဝဲတဲ့အထိ ခံစားခဲ့ရတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အင်္ဂါနေ့ညနေမှာ အသင်းကို ၅ နှစ်ကြာ နည်းပြပေးခဲ့တဲ့ နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး နောက်တနေ့ မနက်မှာပဲ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲဲ့တာဖြစ်ပါတယ်။

နည်းပြပိုချက်တီနိုကို ထုတ်ပယ်ဖို့ အသင်းဥက္ကဌ လီဗိုင်းက ဆိုင်းမဆင့်ဗုံမဆင့် ဆုံးဖြတ်ခဲ့တာဖြစ်တဲ့အတွက် ပိုချက်တီနိုဟာ လျင်လျင်မြန်မြန်ပဲ အသင်းကနေ ထွက်ခွာရတော့မှာဖြစ်တာကြောင့် ၎င်းရဲ့ ကစားသမားတွေကို နှုတ်ဆက်စကားတောင် ပြောခွင့်မရတော့မယ့် အခြေအနေကို ရောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပိုချက်တီနိုက ကစားသမားတွေကို နှုတ်ဆက်စကားမဆိုဘဲ ထွက်ခွာရမယ့်အစား တော့တင်ဟမ်ဟော့စပါးအသင်းလေ့ကျင့်ရေးကွင်းက အဝတ်လဲခန်းထဲမှာရှိတဲ့ နည်းစနစ်ဝှိုက်ဘုတ်အပေါ်မှာ အသင်းသားတွေအတွက် နှုတ်ဆက်စာကို ခပ်မြန်မြန်ရေးသားပြီး ထားရစ်ခဲ့တယ်လို့ သိရပါတယ်။

ပိုချက်တီနိုနဲ့ ၂၀၁၄ ခုနှစ် မေလမှာ ဆောက်သမ်တန်အသင်းကနေ စပါးအသင်းအထိ လိုက်ပါခဲ့တဲ့ လက်ထောက်နည်းပြ ဂျီးဆပ်ပီးရက်ဇ်က ကြာသပတေးနေ့ညနေက ၎င်းရဲ့တွစ်တာအကောင့်ကနေ စပါးအသင်းပရိသတ်တွေ ဖြေမဆည်နိုင်ဖြစ်စေမယ့် ဓာတ်ပုံတစ်ပုံကို မျှဝေခဲ့ပြီး ပုံထဲက ပိုချက်တီနိုရဲ့ဟန်ပန်ဟာ မြင်တွေ့ရသူတိုင်းကို စိတ်ထိခိုက်စေခဲ့ပါတယ်။


Share

က္က