Photo - မုတ္တမရွှေမြို့တော်
ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ ညနေပိုင်းက မုတ္တမမြို့ သူဌေးကုန်း ရပ်ကွက်မှာ လေလွင့်ခွေးတစ်ကောင်က လူတွေကို လိုက်ကိုက်ခဲ့တာဖြစ်ပြီး ခွေးကိုက်ခံသူတွေကို မော်လမြိုင်ဆေးရုံကို တင်ပို့ကုသခဲ့ရတယ်လို့သိရပါတယ်။
မေလ ၃၀ ရက်နေ့မှာတော့ ခွေးကိုက်ခံရလို့ ဆေးရုံမှာ ကုသခဲ့ရသူတွေဟာ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ မုတ္တမဒေသခံကို အောင်တင်က Duwun ကိုပြောပါတယ်။
"ကလေးတွေရော လူကြီးတွေရော အကိုက်ခံရတာ။ ရပ်ကွက်ထဲက လူတွေက ခွေးကို ဝိုင်းရိုက်ပြီး သတ်လိုက်ရတယ်။ မြေမြုပ်ထားလိုက်တယ်။"လို့ သူကပြောပါတယ်။
ခွေးကိုက်ခံရမှုကြောင့် ကလေး ၇ ယောက်နဲ့ လူကြီး ၄ ယောက် ဒဏ်ရာတွေရရှိခဲ့တာဖြစ်ပြီး လက်တွေ၊ ခြေထောက်တွေ အပြင် ဦးခေါင်းနဲ့ မျက်နှာတွေမှာပါ ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ ကလည်း မွန်ပြည်နယ် ပေါင်မြို့မှာ ခွေးရူးတစ်ကောင် လိုက်ပြီး ကိုက်တာကြောင့် အနည်းဆုံး လူ ၁၅ ယောက်လောက်ဒဏ်ရာရရှိသွားပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။