ဩဂုတ်လ (၁၁)ရက်နေ့ ညနေပိုင်းက မုံရွာက တည်းခိုဆောင်တစ်ခုမှာပညာရေးဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွါးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ သူက အသက်(၂၇)အရွယ် မုံရွာပညာရေးမှူးရုံးက စာရေးအဆင့် (၁)ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူနေထိုင်ရာအခန်းက ကုတင်ခြင်ထောင်တိုင်မှာ ကြိုးဆွဲချသတ်သေခဲ့တာဖြစ်ပါတယ်။
သေမှုသေခင်းအရ စစ်ဆေးရာမှာ မသင်္ကာစရာအချက်အလက်မတွေ့ရှိရပဲ မိမိကိုယ်တိုင် ကြိုးဆွဲချအဆုံးစီရင်တဲ့ အနေအထားမှာတွေ့ရှိရတယ်လို့ မုံရွာမြို့နယ်၊နယ်မြေခံရဲစခန်းက ရဲအုပ်ခင်သန်းက Duwunကိုပြောပါတယ်။
“ သူက အရက်အရမ်းသောက်တယ်။ ခုလည်း လုပ်ငန်းခွင်မှာ ဘာပြဿနာမှမရှိဘူး။ အရက်ကြောင်ကြောင်ပြီး ခုလိုလုပ်သွားတဲ့သဘော။ သတင်းရတော့ ကျွန်တော်တို့ သွားစစ်တော့ သူအိပ်တဲ့ကုတင်က ခြင်ထောင်ထောင်တဲ့ တန်းမှာ ကြိုးနဲ့ချည်ပြီး သတ်သေတာ။ အောက်ကခြေဖျားတောင်မလွတ်ဘူး”လို့ ရဲအုပ်ခင်သန်းကပြောပါတယ်။သေဆုံးခဲ့တဲ့ဝန်ထမ်း လက်ရှိနေတဲ့ အဆောင်မှာ တစ်ရက်ကို (၂၅၀၀)ပေးပြီးနေလာတာ ကြာပြီလို့သိရပါတယ်။သေဆုံးမယ့်နေ့ မနက်ပိုင်းမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ထိုင်ပြီး အဆောင်ကိုပြန်ကာ နေ့လယ် ၁၂နာရီလောက်မှာ ထမင်းထွက်စားသေးတယ်လို့ ဆိုပါတယ်။ ၃နာရီလောက်မှာ အဆောင်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီး ညနေ (၅)နာရီလောက်မှာတော့ သူငယ်ချင်းတွေက သူနေထိုင်ရာအခန်းကိုဝင်ကြည့်ရာမှာ ကြိုးဆွဲချသေဆုံးနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ သေဆုံးမှုနဲ့ ပတ်က်လို့ မုံရွာရဲစခန်းမှာ ပုဒ်မ ၁၆/၂၀၂၀ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။