အနုပညာလောကနဲ့ ၁၅ နှစ် ဝေးကွာသွားခဲ့တဲ့ တွင်ကယ်လ် က သီချင်းတွေနဲ့အတူ ပရိသတ်ရှေ့ မှောက်ပြန်လည် ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

"ရှင် နော်"သီချင်းလေးနဲ့ပရိသတ်တွေ လက်ခံအားပေးမှူကို အပြည့်အဝရရှိခဲ့တဲ့ အဆိုတော် တွင်ကယ်လ်က မူးယစ်နွံမှာ နစ်မြုပ်ပြီး လွတ်မြောက်ခဲ့တဲ့အကြောင်းတွေကို Duwun Cele Yatkwat ကို ဖြေကြားလာပါတယ်။ 




အသက် ၁၈နှစ်က. အနုပညာ လောကထဲကို ဝင်ရောက်ခဲ့ပြီး "ရှင် နော်"သီချင်းလေးနဲ့ အားပေးမှူတွေ ရရှိခဲ့တဲ့ တွင်လ်ကယ်က တော့ အသက် ၂၄နှစ်မှာ အိမ်ထောင်ပြုသွားခဲ့ပါတယ်။  မူးယစ်ဆေးကြောင့်ပဲ အိမ်ထောင်ကျပြီး ၂နှစ် အကြာမှာတော့ အိမ်ထောင်ကွဲသွားခဲ့ပါတယ်။

"အစ်မ အပေါင်းအသင်းမှားပြီး မူးယစ် နွံထဲ ၁၀နှစ် တိတိ နစ်သွားဖူးတယ်။ အခုဆိုလွတ်မြောက်ခဲ့တာ ၃နှစ်ရှိသွားပါပြီ။ အသက်၂၄နှစ်မှာ အိမ်ထောင်ကျပြီး နိုင်ငံခြားကို လိုက်သွားခဲ့တယ်။ အဲ့ဒီ့မှာလည်း မူးယစ်ဆေးစွဲ ပြီး အမျိူးသားနဲ့အိမ်ထောင်ကွဲသွားတယ်။ ၂နှစ်ပဲပေါင်းလိုက်တာပါ။ မိသားစုတွေရော အကုန် ကူညီ ထောက်ပံ့ပေးရတယ်။ အစ်မပိုင်တဲ့ ကားတွေ အိမ်တွေလည်း ဘယ်ရောက်ကုန်မှန်းမသိ။ အကုန်ဆုံးရှုံးသွားရတယ်။ အစ်မ အခုလို လွတ်မြောက်လာတာ ဘုရားကျေးဇူးတော်ကြောင့်ပါ။ ယေရှူ ကယ်ပါလို့ အစ်မ အမြဲဆုတောင်းတယ်။ နောက်တော့ တကယ်လွတ်မြောက်ခဲ့ရတယ်။ အခုဆို လိမ္မာသွားတာ ၃ နှစ်ရှိသွားပါပြီ" လို့ အဆိုတော် တွင်ကယ်လ်က သူမရဲ့ အခက်အခဲဆုံး အချိန်တွေအကြောင်းကို ရင်ဖွင့်လာပါတယ်။ 

အခုဆိုရင်တော့အဆိုတော် တွင်ကယ်လ်က ဘဝကို တစ်ကိုယ်တည်း ဖြတ်သန်းနေပြီး သူမ ချစ်တဲ့ သီချင်းတွေကိုပြန်လည် ဖန်တီးနေပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တွင်ကယ်လ်ဆိုတဲ့ နာမည်ကို လူသိများ‌လာစေခဲ့တဲ့ စွန်ကလေး သီချင်းကို ပြန်လည်ဆန်းသစ်ပြီး နာမည်ကြီး မင်းသားတစ်ယောက်နဲ့ ရိုက်ကူး ပုံဖော်တော့မှာဖြစ်ပါတယ်။ ဇွန်လ ထဲမှာ ရိုက်ကူးသွားမှာဖြစ်ပြီး ဇွန်လလယ်မှာ ပရိသတ်ရှေ့မှောက် အရောက်ပြသဖို့ စီစဥ်ထားတာပဲ ဖြစ်ပါတယ်။ 


၂၀၂၁ခု နှစ် ဖေဖော်ဝါရီ လ ၂ရက်နေ့မှာလည်း သူမရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ် ဖြစ်တဲ့ "ရှင်နော်"ဆိုတဲ့သီချင်းလေးကိုလည်း MTV ရိုက်ကူးပြီး ပရိသတ်ကို တင်ဆက်ဖို့ စီစဥ်ထားပေမယ့်လည်း အခြေအနေ အကြောင်းကြောင်းကြောင့် မတင်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ အခုဆိုရင်တော့ အနုပညာလောကနဲ့ ၁၅နှစ် ဝေးကွာသွားပြီနောက် တွင်ကယ်လ်က သီချင်းတွေနဲ့အတူ ပရိသတ်ရှေ့ မှောက်ပြန်လည် ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ် ။

အဆိုတော် တွင်ကယ်လ်ကတော့ အသက်၁၈နှစ် က ဂီတလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး "ရှင်နော်"သီချင်းလေးနဲ့လူသိများလာခဲ့တပါတယ်။ အသက်၂၄နှစ် မှာတော့ အိမ်ထောင်ပြုခဲ့ပြီး အနုပညာလောကနဲ့ အဆက်ပြတ်သွားခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က