ဒုတိယအကြိမ်ရုံးထုတ်ခဲ့တာပါ။

မူးယစ်ဆေးဝါး ၂၆ ပြားလက်ဝယ်တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာမိုက်တီးကို ဒီနေ့ သြဂုတ်လ ၃၁ ရက်မှာ တာမွေမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူခဲ့ပါတယ်။

 

ဒီနေ့ရုံးချိန်းမှာ ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားခဲ့ပြီး ဒီအမှုနဲ့ ပတ်သက်ပြီး ရှေ့နေဌားဖို့ စီစဉ်နေတယ်လို့ ဒါရိုက်တာမိုက်တီးရဲ့ မန်နေဂျာဖြစ်သူက ပြောပါတယ်။

ဒီနေ့ရုံးထုတ်ရမန်ယူရမှာ ဒါရိုက်တာမိုက်တီးရဲ့ မိသားစုဝင်တွေလည်း လာရောက်ခဲ့ပြီး ညီမဖြစ်သူ သရုပ်ဆောင်လင်းဇာနည်ဇော်ကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ပညာပေးပြစ်ဒဏ်ချမျတ်ပြီး တကယ့်ပင်မအရင်းအမြစ်တွေကို ရှာဖွေဖမ်းဆီးသင့်တယ်လို့ မီဒီယာတွေကိုပြောခဲ့ပါတယ်။ “ မူးယစ်ဆေးဝါးဆိုတာကလူညွှန့်တုံးစေတဲ့အရာဖြစ်တဲ့အတွက် လုံးဝမရှိသင့်ပါဘူး။သုံးစွဲတဲ့ သားကောင်အဆင့်ကိုတော့ ပညာပေးပြစ်ဒဏ်ချမှတ်ပြီးတော့ တကယ့်တကယ် အမြစ်ကစပြီးတော့ တော်လှန်ဖို့သင့်တယ်” လို့ လင်းဇာနည်ဇော်က ပြောပါတယ်။

 

နောက်ထပ်ရုံးချိန်းကိုတော့ စက်တင်ဘာ ၁၄ ရက်နေ့ကို ချိန်းဆိုထားပြီး တာမွေမြို့နယ်တရားရုံးမှာပဲ ဆက်လက်ရုံးထုတ်မှာ ဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ညက ဒါရိုက်တာမိုက်တီး မောင်းနှင်လာတဲ့ ကားကို ရဲတပ်ဖွဲ့က စစ်ဆေးစဉ် မူးယစ်စိတ်ကြွဆေးပြား ၂၆ ပြား နဲ့အတူတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် သန်းထွန်းဇော် (ခ) ဒါရိုက်တာ မိုက်တီးကို တာမွေမြို့မရဲစခန်းမှာ မယ (ပ) ၂၉/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မလ ၁၆ (ဂ) နဲ့ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က