မူးယစ်ဆေးဝါးပပျောက်ဖို့အတွက် ကိုယ်တိုင်မသုံးစွဲမိဖို့ နဲ့ ဆေးပြတ်အေင်ရပ်ရွာက ဝိုင်းကူညီဖို့လိုတယ်လို့ စစ်တိုင်းဒေသကြီး ခန္တီးမြို့နယ်မှာပြည်သူလူထုကို မိန့်ခွန်းပြောကြားစဉ်မှာ ပြောကြားခဲ့တာပါ။
ခန္တီးမြို့ကိုရောက်ရှိနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်
“ရောင်ဝယ်ဖောက်ကားသူပေါ့။ သုံးတဲ့သူမရှိရင် ရောင်းလို့ရမှာမဟုတ်ဘူး။ ရောင်းတဲ့သူတွေက စီးပွားရေးအရ အမြတ်ရမှာမဟုတ်ဘူး။ ပြည်သူတွေကို မသုံးသုံးအောင်ဆွယ်ကြတယ်။ ဒါပေမယ့် ကိုယ်ကမသုံးဖို့က သိပ်အရေးကြီးတယ် မိသားစုတိုင်းက ကိုယ်တာဝန်ကိုယ် ယူစေချင်တယ်။ ကျွန်တော်တို့ မိသားစုတိုင်း၊ ကျွန်မတို့မိသားစုတိုင်းမှာ မူးယစ်ဆေးသုံးသူမရှိအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အားလုံးက သတိအနေအထားနဲ့နေရမယ်။ လူငယ်တွေက မူးယစ်ဆေးဝါးရဲ့သားကောင်တွေဖြစ်တတ်တယ်။ ဒီလိုမဖြစ်အောင်ကြည့်ရမယ် ” လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနေနဲ့ မူးယစ်ဆေးဝါးပပျောက်ဖို့ လုပ်ဖို့ လိုအပ်ပြီးတော့ မူးယစ်ဆေးဝါးပြသနာက တစ်ကမ္ဘာလုံးမှာရှိနေပြီးတော့ အချမ်းသာဆုံးသောနိုင်ငံတွေမှာ မူးယစ်ဆေးကို အပြတ်မရှင်းနိုင်သေးဘူး လို့ ပြောပါတယ်။
လူငယ်တွေက မူးယစ်ဆေးဝါးရဲ့သားကောင်တွေဖြစ်တက်ပြီးဒီလိုမဖြစ်အောင် ကြည့်နေဖို့ လိုအပ်ကြောင်း၊ သူငယ်ချင်းများလက်တည့်စမ်းကြလို့စမ်းသုံးတက်ကြတယ်လု့ိ ပြောပါတယ်။
“ သူငယ်ချင်းတွေကသုံးလို့လက်တည့်စမ်းတာပေ့ါ။လက်တည့်စမ်းရမယ့်ကိစ္စမဟုတ်ဘူး။သုံးကြည့်ချငလို့ ဆိုတာကသေကြည့်ချင်လို့ လို့ပြောတာအတူတူပဲ။သေကြည့်ပြီးရင် ပြန်လမ်းမရှီဘူး။မူးယစ်ဆေးဝါးသုံးပြီးရင်တော်တော်များများပြန်လမ်းမရှိဘူး။မိဘဆွေးမျိုးသားချင်းက ထိန်းပေးရမယ်” လို့ အတိုင်ပင်ခံက ဆက်လက်ပြောကြားပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အစိုးရတစ်ရပ်တည်းရဲ့ လုပ်အားနဲ့ မလုံလောက်ဘဲ ပြည်သူတွေကပါ ပါဝင်ရမယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးပြသနာက မြန်မာနိုင်ငံမှာ အဓိက ပြသနာတစ်ခုဖြစ်နေပြီးတော့ နယ်စပ်ဂိတ်တွေကနေ တင်သွင်းလာတဲ့ မူးယစ်ဆေးတွေကို အများဆုံးဖမ်းမိနေပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ကို သမ္မတရုံးကနေ အထူးဌာန ဖွင့်လှစ်ထားပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖမ်းဆီးနေတာဖြစ်ပါတယ်။