ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလည်း တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံသူ၊နိုင်ငံသားများရဲ့ ကျန်းမာရေးနဲ့ အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေတဲ့ မူးယစ်ဆေးဝါးပြဿနာ ထိရောက်စွာ တားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတက လွတ်လပ်ရေးနေ့ မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

Photo - မဟာဗန္ဓုလပန်းခြံက လွတ်လပ်ရေးနေ့အခမ်းအနားမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ သမ္မတဦးဝင်းမြင့်ရဲ့သဝဏ်လွှာဖတ်ကြား။

ဒီကနေ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၄) ရက်မှာ ကျရောက်တဲ့ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် သဝဏ်လွှာပေးပို့ရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

နိုင်ငံတော်သမ္မတက လွတ်လပ်ရေးရပြီးတဲ့နောက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ နှစ်ပေါင်း (၇၀) ကျော် ဒီကနေ့ ထိတိုင်ဖြစ်ပွားနေပြီး လူ့စွမ်းအားနဲ့ သဘာဝအရင်းအမြစ်တွေကို ချည့်နဲ့စေခဲ့ပြီး ဖွံဖြိုးတိုးတက်မှုတွေ နှောင့်နှေးနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ဒေသတွင်းရော၊ကမ္ဘာ့အလယ်မှာ ပုံရိပ်ကောင်းတဲ့ နိုင်ငံဖြစ်လာအောင် တိုင်းရင်းသားပြည်သူတွေဟာ အတိတ်သမိုင်းကို သင်ခန်းစာယူပြီး အပြန်အလှန်နားလည်မှု၊ယုံကြည်မှုတို့နဲ့ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

လက်ရှိကာလမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအစည်းအဝေးတွေကို ကျင်းပခဲ့ပြီးနောက် ဒီမိုကရေစီတည်ဆောက်ရေးအတွက် သဘောတူညီချက်အချို့ကို ရရှိထားပြီးလို့ ဆိုပါတယ်။

Photo- မဟာဗန္ဓုလပန်းခြံလွတ်လပ်ရေးကျောက်တိုင်ရှေ့မှာပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား

ဒါကြောင့် တိုင်းရင်းသားပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာအောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ်ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်သမ္မတက သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားတာပါ။

ဒါ့အပြင် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးပမ်းဆောင်ရွက်ဖို့ ၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် ကာကွယ်စောင့်ရှောက်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှု ပြုပြင်ပြောင်းလဲဖို့ ဦးစားပေးရေး၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ တာဝန်သိစိတ်နဲ့ အရည်အသွေးမြင့်မားလာစေမယ့် ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးရေး နဲ့ မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး ဆိုတဲ့ အချက် (၄) ချက်ကို ဆောင်ရွက်ဖို့တိုက်တွန်းခဲ့ပါတယ်။

Share

Loading Next Article...
က္က