eSports ပြိုင်ပွဲတွေဟာ အခုဆို ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ရပ်ဖြစ်လာပြီး ရွှေတံဆိပ်ဆုတွေပါ ပေးရတဲ့ ပြိုင်ပွဲတွေ ဖြစ်လာပါပြီ။
၂၀၁၉ eSport နယ်ပယ်မှာ ထူးခြားလာတာတစ်ခုက ဖိလစ်ပိုင်မှာ ကျင်းပမယ့် ဆီးဂိမ်းမှာ eSports ကစားနည်း ၆ မျိုး ထည့်သွင်းလာပြီး ရွှေတံဆိပ်ဆုတွေပါ ပေးလာတာပါ။ ဒီနှစ်မှာ eSports နယ်ပယ်က ဂိမ်မာတွေအနေနဲ့ရင်ခုန်စိတ်လှုပ်ရှားရမယ့် ပွဲစဉ်ကြီးတစ်ချို့လည်း ရှိနေပါသေးတယ်။
(၁) The International
Photo: MCV
Dota 2 ပြိုင်ပွဲတစ်ခုဖြစ်တဲ့ The International 2019 ကို လာမယ့် သြဂုတ်လ ၁၅ ကနေ ၂၀ ရက်နေ့တရုတ်နိုင်ငံမှာ ကျင်းပသွားမှာပါ။ ရှန်ဟိုင်းမှ မာစီဒီး-ဘင့်ဇ် Arena မှာ ကျင်းပသွားမယ့် ဒီပွဲဟာ ဆုကြေး ဒေါ်လာ ၂၅ သန်းကျော်ပေးမှာ ဖြစ်လို့ကမ္ဘာပေါ်မှာ ဆုကြေးပေးမှုအမြင့်ဆုံး eSports ပြိုင်ပွဲဖြစ်ပါတယ်။
The International 2019 ရဲ့ Dota Pro Circuit ကနေ အရည်အချင်းမီတဲ့ အသင်း ၁၂ သင်း ထွက်လာမှာ ဖြစ်ပြီး ဒီနှစ် Dota Pro Circuit မှာ ပထမရတဲ့ အသင်းဟာ ဒေါ်လာ ၁၁ သန်းအထိ ရဖို့ရှိပါတယ်။ ဒါ့အပြင် တရုတ် ၊ အရှေ့တောင် အာရှ ၊ မြောက်အမေရိက ၊ တောင်အမေရိက ၊ ဓနသဟာသနိုငင်ငံများနဲ့ဥရောပမှ အသင်း တစ်သင်းစီဟာ Regional Qualifier အဖြစ် တက်လာမှာပါ။
(၂) PUBG Mobile Club Open 2019
Photo: News18.com
ဒေါ်လာ ၂ သန်းကျော် ဆုကြေးပေးမယ့် PUBG Mobile ပြိုင်ပွဲပါ။
ပရော်ဖက်ရှင်နယ်နဲ့semi-pros အသင်းတွေ ပြိုင်နိုင်မယ့် ပွဲဖြစ်ပြီး Spring Split နဲ့Fall Slit (နွေနဲ့ဆောင်း) နှစ်ပိုင်းခွဲပြီး တစ်နှစ်လုံး ပြိုင်သွားမှာပါ။ တစ်ပိုင်းချင်းစီမှာ ကိုယ်ပိုင် global finals အဆင့်ပြိုင်ရပြီး prize pools တစ်မျိုးစီ ပေးသွားမယ်လို့ဆိုပါတယ်။ ပထမဆုံး Sprint Slit ပွဲစဉ်ကတော့ ဇူလိုင်ကနေ စတင်ယှဉ်ပြိုင်သွားမှာပါ။
ပြိုင်ပွဲဝင်အသင်းတွေဟာ global finals မှာ ဝင်မပြိုင်ခင် ဒေသတွင်းမှာ အဆင့်ဆင့်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒေသအနေနဲ့အရှေ့တောင်အာရှ ၊ တရုတ် ၊ ဥရောပ ၊ မြောက်အမေရိက ၊ အိန္ဒိယ ၊ ဂျပန် ၊ အရှေ့အလယ်ပိုင်း ၊ တောင်အမေရိကနဲ့ကိုရီးယားတို့မှ ပလေယာတွေ ဝင်ပြိုင်နိုင်မယ်လို့ဆိုပါတယ်။
ပြိုင်ပွဲဝင် သတ်မှတ်ချက်များအရ ပလေယာတွေဟာ အသက် ၁၆ နှစ်နဲ့အထက် ဖြစ်ပြီး တစ်သင်းမှာ အနည်းဆုံး ၃ ယောက် နှုန်း ရှိရမှာပါ။ ပြိုင်ပွဲဝင်ပလေယာတွေဟာ ပလတ်တီနမ်အဆင့်မှာ အနည်းဆုံး ရှိရမယ်လို့ဆိုပါတယ်။
(၃) Fortnite World Cup Finals
Photo: Dexerto
ဇူလိုင်လ ၂၆ ကနေ ၂၈ အတွင်း ကျင်းပသွားမယ့် Fortnite ဂိမ်းပွဲဖြစ်ပြီး စုစုပေါင်း ဆုကြေး ဒေါ်လာ သန်း ၄၀ အထိပေးသွားမှာပါ။ အပတ်စဉ် Qualifier အဆင့်ကို ဧပြီ ၁၃ ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး ဆုကြေးက ဒေါ်လာ ၁ သန်းဖြစ်ပါတယ်။အတော်ဆုံး solo player အယောက် ၁၀၀ နဲ့duo ကစားသမား ၅၀ ကို နယူးယော့ခ်မှာ ကျင်းပမယ့် Fortnite World Cup Finals ဖိတ်သွားမှာပါ။
တစ်ဦးချင်းအနေနဲ့qualify ပလေယာတစ်ယောက်ကို အနည်ဆုံး ဒေါ်လာ ၅ သောင်းပေးပြီး solo ထဲက အကောင်းဆုံး ပလေယာဟာ ဒေါ်လာ သန်း ၃၀ ရမှာ ဖြစ်ပါတယ်။
(၄) Evolution Championship Series
Photo: Fighting Games
ဖိုက်တင်ဂိမ်းဖန်တွေကတော့ ဒီပွဲကို EVO လို့အတိုကောက်ခေါ်ကြပါတယ်။ Evolution Championship Series ပြိုင်ပွဲဟာ ၁၉၉၆ ကတည်းက ကျင်းပလာခဲ့တဲ့ အကြီးဆုံး eSports တွေထဲမှာ ပါပြီး ဒီနှစ်မှာတော့ သြဂုတ် ၂ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပသွားတော့မှာပါ။
လာ့စ်ဗီးဂတ်မှာ ကျင်းပမှာ ဖြစ်ပြီး ဖိုက်တင်ဂိမ်းတွေဖြစ်တဲ့ Super Smash Bros. Ultimate, Tekken 7, Street Fighter V, Dragonball FighterZ တို့အပါအဝင် ဂိမ်းများ ပါဝင်မှာ ဖြစ်ပါတယ်။
(၅) Intel Extreme Masters
Photo: Intel Newsroom
ဖေဖော်ဝါရီ ၁၃ ရက်ကနေ မတ်လ ၂ ရက်နေ့အထိ ကျင်းပသွားမယ့် ဂိမ်းပေါင်းစုံပြိုင်ပွဲကြီးဖြစ်ပါတယ်။ ဒီပွဲမှာ Dota 2 ၊ CounterStrike ၊ League of Legends ၊ Starcraft II နဲ့CS:GO တို့လို ဂိမ်းတွေ အပြင် Fortnite : Battle Royale ပါ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းသွားမှာပါ။
Share