5G ဟာ နည်းပညာနယ်ပယ်မှာ ရေလဲလို သုံးလာတော့မယ့် စကားလုံး ဖြစ်ပြီး စမတ်ဖုန်းကုမ္ပဏီတွေကလည်း 5G ဖုန်းကို အပြိုင်အဆိုင် ထုတ်ဖို့အားသန်နေကြပါတယ်။
5G ဖုန်းကို အန်းဒရိုက်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Samsung ၊ Huawei ၊ OPPO ၊ Xiaomi တို့ဟာ မိတ်ဆက်ဖို့အဆင်သင့်ဖြစ်နေသလို Meizu ကုမ္ပဏီကလည်း လာမယ့်နှစ်မှာ 5G ဖုန်းကို ပထမဆုံး ကြေညာတော့မှာပါ။ တရုတ်စမတ်ဖုန်းကုမ္ပဏီ Meizu ဟာလည်း Meizu 17 ကို 5G ဖုန်းအဖြစ် မိတ်ဆက်ဖို့ရှိတယ်လို့The Mobile Indian သတင်းမှာ ဖော်ပြထားပါတယ်။
Meizu Zero ( Photo: Android Central)
ပြီးခဲ့တဲ့အပတ်က Meizu ဟာ တရုတ်နိုင်ငံမှာ Meizu 16s ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Meizu 16s ရဲ့ အဆက် နောက်ထပ် flagship အဖြစ် ထွက်လာမယ့် Meizu 17 ရဲ့ slogan မှာ 5G ခေတ်သစ်နဲ့တွေ့ဆုံလိုက်ပါ။ Meizu 17 လာပါပြီ လို့ရေးထားပြီး တရုတ်နိုင်ငံမှ Meizu Community မှာ ဒီ slogan ကို ပို့စ်တင်ထားပါတယ်။
Meizu 17 ဟာ 5G ကွန်ရက် ချိတ်ဆက်နိုင်မယ့် Qualcomm ရဲ့ X50 5G modem သုံးသွားမှာပါ။ ဒီဖုန်းဟာ port နဲ့အပေါက်လုံးဝမသုံးတဲ့ Holeless ဒီဇိုင်းနဲ့လာမယ်လို့ဆိုပါတယ်။ Meizu ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းကလည်း physical button ၊ SIM Slot ၊ နားကြပ်နဲ့speaker ပေါက် နဲ့USB port တစ်ခုမှ မပါတဲ့ ခလုတ်မဲ့ဖုန်း Meizu Zero ကို ကြေညာခဲ့ပါတယ်။ Meizu Zero ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး Holeless ဖုန်းလည်း ဖြစ်ပါတယ်။ Meizu 17 မှာ သုံးသွားမယ့် features ၊ ဒီဇိုင်းနဲ့ဈေးနှုန်းတွေအကြောင်းတော့ မသိရသေးပါဘူး။