5G အတွက် အဆင်သင့်ဖြစ်နေတဲ့ ဖုန်းတွေပါ

ဒီနှစ်ပိုင်းအတွင်း စမတ်ဖုန်းလောကမှာ 5G ဟာ ခေတ်အစားဆုံး စကားလုံး ဖြစ်လာသလို 5G ဖုန်းတွေကလည်း ၂၀၁၉ စမတ်ဖုန်းဈေးကွက်ကို လွှမ်းမိုးနိုင်မယ့် ထုတ်ကုန်တွေ ဖြစ်လာမှာသေချာနေပါတယ်။

         ပဉ္စမမျိုးဆက် ကွန်ရက်နည်းပညာကို စမတ်ဖုန်းတွေမှာ သုံးတော့မယ်ဆိုရင် ဘယ်ဖုန်းကုမ္ပဏီတွေ ဖြစ်မလဲဆိုတာ ခန့်မှန်းဖို့လွယ်ပါတယ်။ အကြောင်းကတော့ 5G ကို တစိုုက်မတ်မတ် ဖော်ဆောင်နေတဲ့ စမတ်ဖုန်းကုမ္ပဏီစာရင်းကို သိပြီး ဖြစ်တာကြောင့်ပါ။ ဒီထဲကမှ ၂၀၁၉ ပထမ ၆ လအတွင်း ထွက်လာမယ့် ဖုန်းတွေထဲက နည်းပညာအမြင့်ဆုံး 5G ဖုန်း ၅ မျိုးကို ပြန်ဆွဲထုတ်လို့ရပါတယ်။



(၁) Samsung Galaxy S10

Photo: digitaltrends

         ဆယ်နှစ်ပြည့်ကို ရောက်လာပြီ ဖြစ်တဲ့ Galaxy S series ဟာ လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ Galaxy S10/S10 Plus တို့ကို မိတ်ဆက်သွားမယ်လို့တရားဝင် ကြေညာထားပါတယ်။ ဒီပွဲမှာ Samsung ဟာ 5G မော်ဒယ်တစ်ခုကိုပါ မိတ်ဆက်သွားဖို့ရှိနပါတယ်။ 

         ဇန်နဝါရီလထဲက လာ့စ်ဗီးဂတ်စ်မှာ ကျင်းပခဲ့တဲ့ CES 2019 ပွဲမှာ Samsung ဟာ 5G prototype ဖုန်းကို ပြသခဲ့တာကြောင့် 5G ဖုန်းကို ပထမ ၆ လအတွင်း မိတ်ဆက်ဖို့ဆိုတာ သေချာနေပါတယ်။

(၂) OnePlus 7

Photo: TechShout

         ဈေးသင့်ပြီး ပရီမီယံလုပ်ဆောင်ချက်တွေကြောင့် နာမည်ကြီးတဲ့ OnePlus ကလည်း 5G ဈေးကွက်ထဲ ဝင်ဖို့Qualcomm နဲ့ပေါင်းထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ OnePlus 7 ကို မိတ်ဆက်မယ့် နေ့ရက် မသိရသေးပေမယ့် ဒီဖုန်းဟာလည်း 5G ဗားရှင်းအဖြစ် မြင်ရမယ့် ဖုန်းလို့ယူဆထားပါတယ်။

(၃) Xiaomi Mi Mix 3 (5G)

Photo: Digital Trends

         အရင်နှစ်က ထွက်ခဲ့တဲ့ Xiaomi Mi Mix 3 ဟာ ၂၀၁၉ မှာ 5G ဗားရှင်းအဖြစ် အဆင့်မြှင့်တင်ပြီး မိတ်ဆက်သွားတော့မှာပါ။ Qualcomm ထုတ် Snapdragong X50 modem နဲ့Snapdragon 855 chipset ကြောင့် 5G ကွန်ရက်မှာ ဒေါင်းလုပ်ကို 2Gbps နှုန်းအထိ ချနိုင်မယ်လို့ဆိုပါတယ်။

(၄) Huawei 2019

Photo: The Verge

         Huawei အနေနဲ့5G ဖုန်းမိတ်ဆက်မယ်ဆိုတာ အားလုံး သိထားပြီးပါ။ ဖုန်းမော်ဒယ်အနေနဲ့ဘယ်ဖုန်းကို မိတ်ဆက်မှာလဲ မသိရသေးပေမယ့် MWC ပွဲမှာ နမူနာအဖြစ် ပြသသွားဖို့ရှိပါတယ်။ Huawei 5G မော်ဒယ်ဟာ ၂၀၁၉ ဒုတိယ ၆ လအတွင်း ဈေးကွက်ထဲ ရောက်မယ့် Huawei Mate 30 ဖြစ်ဖို့များပါတယ်။

         တစ်ဆက်တည်း Huawei ရဲ့ sub-brand တစ်ခု ဖြစ်တဲ့ Honor ဟာလည်း 5G ဖုန်းကို ဒီနှစ်ထဲ ကြေညာသွားမှာ ဖြစ်လို့ဈေးပိုသက်သာတဲ့ 5G ဖုန်းကို တွေ့မြင်ရတော့မှာပါ။

(၅) OPPO 5G

Photo: heapooh

         OPPO ဟာ 5G ကွန်ရက်ကို OPPO R15 မှာ အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့သလို ကမ္ဘာ့ပထမဆုံး 5G video call လည်း သရုပ်ပြခေါ်ဆိုခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ OPPO ရဲ့ ပထမဆုံး 5G ဖုန်းမော်ဒယ်ကတော့ လာမယ့် မတ် ၊ ဧပြီ တစ်လလမှာ မိတ်ဆက်သွားဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က