Star Award ဆုအတွက်လည်း လျာထားခြင်းခံရပါတယ်တဲ့။

ဇဏ်ခီတစ်ယောက် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီရင်ခုန်သံကို ပြောပြလာပါတယ်။ အဲ့ဒီနောက် သူပါဝင် သရုပ်ဆောင် နေတဲ့ '' Now & Ever'' ရုပ်ရှင်ကားကြီးကိုတော့ အရင်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေထက်ပိုကောင်းအောင် ဖန်တီးနေတယ်လို့ ဆိုပါတယ်။

 

Photo: ဇဏ်ခီ



သရုပ်ဆောင် ဇဏ်ခီက လက်ရှိရိုက်ကူးနေတဲ့ '' Now & Ever '' ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို ပြောပြလာပါတယ်။ အရင်က ထွက်ခဲ့ပြီးတဲ့ ဇာတ်ကား ၂ ကားထက် ကောင်းအောင် ရိုက်ကူးနေတယ်လို့လည်း Duwun Media ကနေ ပြောပြလာပါတယ်။

'' Now & Ever လည်း ရိုက်ကူးရေး စနေပြီဆိုတော့ ဧပြီလကုန်လောက် ပြီးမယ်ပေါ့နော်။ ပြီးခဲ့တဲ့ ၂ ကားထက် လည်း ပိုကောင်းအောင် ကြိုးစားနေကြပါတယ်။ သရုပ်ဆောင်တွေရော၊ ရိုက်ကူးရေးသမားတွေရော၊ အကုန်လုံး အစအဆုံး ကြိုးစားသွားမှာပါ'' လို့ သူကဆိုပါတယ်။

 

Photo: ဇဏ်ခီ

ဇဏ်ခီဟာ ရုပ်ရှင်ဇာတ်ကားမရိုက်ခင်မှာ ကာရိုက်တာအပိုင်းနဲ့ ပတ်သက်ပြီး အမြဲတမ်းကြိုတင်ပြင်ဆင်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒီ့အတွက် ၂၀၁၉ ခုနှစ်မှာလည်း ရုပ်ရှင်ဇာတ်ကား ၂ ကားသာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

'' ၂၀၁၉ မှာတော့ ကျွန်တော်ထင်တယ် ၂ ကားထက်တော့ မပိုပါဘူး။ Now & Ever က ဧပြီလကုန်လောက်မှ ပြီးမှာဆိုတော့ နောက်တစ်ကား ကူးရင်တောင်မှ ကြားမှာ ပြင်ဆင်ချိန်တွေနဲ့ ဆိုရင် နိုဝင်ဘာလောက်မှ ကားအစ ပြန်ရိုက်လို့ရမှာလေ ၂ ကားထက်တော့ မပိုဘူး'' ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့က Cookie TV ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

 

Photo: ဇဏ်ခီ

ခီမောင်နှံ ဖန်တီးထားတဲ့ ''ဥပါယ်တံမျဉ်'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ''မုဒြာရဲ့ ခေါ်သံ'' ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ၂၀၁၈ ခုနှစ်ရဲ့ Star Award ဆုအတွက် ဆန်ကာတင်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီ့အတွက် ဇဏ်ခီရဲ့ ရင်ခုန်သံကိုလည်း အခုလိုပြောပြလာပါတယ်။

'' ကျွန်တော်တို့ ကြိုးစားတုန်းကတော့ ဘယ်အဆင့်ရောက်မယ် ဘာညာတော့ မတွက်ဘူး ဒါပေမယ့် ကြိုးစားလိုက်တယ်။ ပရိသတ်က လက်ခံပြီး ဒီအဆင့်ထိရောက်လာတယ်ဆိုတော့ ပရိသတ်ကိုလည်း ကျေးဇူးအရမ်းတင်တယ်။ ဆက်ပြီးတော့လည်း အားပေးဖို့ တောင်းဆိုပါတယ်'' လို့ ဆိုပါတယ်။

 

Photo:ဇဏ်ခီ

ဇဏ်ခီဟာ အခုချိန်မှာတော့ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား ကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က