မွန်ပြည်နယ် လက်ရာ ကောင်းကောင်းစားချင်နေတဲ့ ရန်ကုန်ကသူတွေအတွက် ဆိုင်ခန်းနေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ထိုင်လို့လည်းကောင်းပြီး စားရတာလည်း အဆင်ပြေတဲ့ ဆိုင်လေးတစ်ဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဆိုင်လေးနာမည်ကတော့ မုဒုံသူ အိမ်ချက်လက်ရာ လို့ အမည်တွင်ပြီး ဆိုင်နာမည်လေးအတိုင်းပဲ မွန်ပြည်နယ် ဒေသ အစားအစာတွေကို မော်လမြိုင်သူ၊ မုဒုံသူတွေရဲ့ လက်ရာအတိုင်းပဲ အရသာကောင်းကာင်းလေး စားရမှာဖြစ်ပါတယ်။



မုဒုံသူအိမ်ချက်လက်ရာ ဘယ်က စသလဲ

မုဒုံသူတစ်ယောက်ဖြစ်တဲ့ အန်တီငယ်ဟာ မင်္ဂလာပွဲ အခမ်းအနားတွေ စီစဥ◌်သူတစ်ဥ◌ီး ဖြစ်သလို ဖက်ရှင်ဒီဇိုင်နာတစ်ဥ◌ီးအဖြစ် လုပ်ကိုင်သူတစ်ဥ◌ီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းစတင်ဖြစ်ပွားချိန် ပွဲအခမ်းအနားတွေ လုပ်ခွင့်မရတော့တဲ့အချိန်မှာ အန်တီငယ်တစ်ယောက် တစ်ခြားအလုပ်တွေလုပ်ဖို့ စိတ်ကူးမိရာကနေ မုဒုံသူ အိမ်ချက်လက်ရာကလေးဖြစ်လာခဲ့တာပါ။ မုဒုံသူတစ်ယောက်ဖြစ်တာနဲ့အညီ အချက်အပြုတ်လည်း ကျွမ်းကျင်တာကြောင့် အွန်လိုင်းပေါ်ကနေ အစားအသောက်တွေ စတင်ရောင်းချဖို့စိတ်ကူးမိခဲ့ပါတယ်။ ဆိုင်နာမည်ကိုတော့ မုဒုံသူ အိမ်ချက်လက်ရာ လို့ အမည်ပေးထားပြီး မွန်ပြည်နယ် ဒေသအစားအစာတွေကို အဓိက ရောင်းချခဲ့တာဖြစ်ပါတယ်။

“ ကိုဗစ်ကြီး ရုတ်တရက်ဖြစ်သွားတော့ မင်္ဂလာဆောင်တွေလည်း လုပ်လို့မရတော့ဘူး။ အဲဒီအချိန်မှာ အန်တီ့ဆီမှာ ဝန်ထမ်းတွေက တအားများနေတယ်။ သူတို့ကို အလုပ်လည်း မဖြုတ်ချင်ဘူး။ အဲဒါနဲ့ ဝန်ထမ်းတွေကို ငဲ့ပြီး ဘာလုပ်ရင်ကောင်းမလဲလို့ စဥ◌်းစားရင်း အန်တီကလည်း မုဒုံသူ ဖြစ်တော့ မွန်အစားအစာတွေ ချက်တတ်တော့ အဲဒါနဲ့ အွန်လိုင်းပေါ်ကနေ စရောင်းတာ။ ရောင်းရင်းနဲ့ လူသိများလာတော့ အန်တီက ဒီဆိုင်လေးကို ဖွင့်လှစ်လိုက်တာပါ။” လို့ မုဒုံသူ အိမ်ချက်လက်ရာ ဆိုင်ရှင် အန်တီငယ်က ပြောပါတယ်။

မွန်ပြည်နယ်ကို ရောက်သွားသလို ခံစားရစေမယ့် လက်ရာကောင်းလှတဲ့ မွန်အစားအစာတွေ

မုဒုံသူ အိမ်ချက်လက်ရာလို့ ဆိုတဲ့အတိုင်း မွန်ပြည်နယ်ဒေသအစားအစာမျိုးစုံ ရရှိနိုင်ပါတယ်။ မွန်ပြည်နယ်ဒေသ အစားအစာတွေ ဖြစ်တဲ့ သင်္ကြန်ထမင်း၊ မော်လမြိုင် မုန့်ဟင်းခါး၊ ငါးပေါင်းထုပ်၊ သနပ်စုံသုပ် စတဲ့ မွန်ပြည်နယ်မှာပဲ ရနိုင်တဲ့ အစားအစာတွေ အပြင် ဟင်းတွေကိုလည်း မွန်လက်ရာ အတိုင်းမရမ်းပြားလေးနဲ့ ချဥ◌်ချဥ◌်စပ်စပ်လေး ချက်ပြုတ်ထားတာဖြစ်ပါတယ်။ မုဒုံသူ အိမ်ချက်လက်ရာဆိုင်မှာ တော့ မနက်ခင်း ၊ ညနေခင်းမှာ ထမင်းကြော်နဲ့ဟင်းမျိုးစုံ၊ နေ့လယ်စာအတွက် ဟင်းလျာတွေကိုလည်း မွန်ချက်လက်ရာ အတိုင်း ချက်ပြုတ်ထားတာပါ။ ဒီဆိုင်လေးရဲ့ အစားအသောက်တွေကို စားလိုက်တာနဲ့ မွန်ပြည်နယ်ကို ရောက်သွားသလိုတောင်ခံစားရစေနိုင်မှာ ဖြစ်ပါတယ်။

“ ကိုယ်က လည်း မွန်ဖြစ်တော့ မွန်စာ ပဲ ချက်ချင်တယ်။ ကိုယ့်ဒေသရဲ့ ရိုးရာအစားအစာတွေကိုလည်း လူတိုင်းကို သိစေချင်တယ်။ ပြီးတော့ မွန်အစားအစာ လေးကို ကောင်းကောင်းလေးနဲ့ သန့်သန်လေးချက်ရောင်းချင်တယ်။ အန်တီတို့ မွန်တွေကလည်း ဟင်းချက်တဲ့နေရာမှာ ကျွမ်းကျင်တယ်လေ။ ဟင်းချက်တဲ့အခါ သူများနဲ့ မတူတာက အဓိက ဆီသတ်တာပေါ့။ ဆီသတ်တာကို သေချာကိုလုပ်တယ်။ ဟင်းချက်တဲ့အခါ အချိန်ပေးပြီးသေချာချက်ပြုတ်ပါတယ်။” လို့ ဆိုင်ရှင် အန်တီငယ်က ဆိုပါတယ်။

လေကောင်းလေသန့်ရပြီး စားသုံးသူတိုင်း စိတ်ကျေနပ်ရစေမယ့် ဆိုင်ခန်းအပြင်အဆင်

ဆိုင်ထဲကို မဝင်ခင်မှာပဲ ကားပါကင်အတွက် နေရာသီးသန့်လုပ်ပေးထားပြီးတော့ ဆိုင်ခန်းအဝင်မှာလည်း သစ်ပင်လေးတွေ အလှစိုက်ပျိုးထားတာ တွေ့ရပါတယ်။ တစ်ဝိုင်းနဲ့တစ်ဝိုင်းကိုလည်း နီးနီးကပ်ကပ်မရှိစေဘဲ ထိုင်ရတာလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တော့သက်သာ ရှိလှပါတယ်။ အတွင်းခန်းထဲမှာလည်း မှန်ခန်းလေးနဲ့ စားသောက်ခန်းတစ်ခု ထပ်ရှိပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ သီးသန့် တွေ့ဆုံစကားပြော စားသောက်နိုင်တဲ့ နေရာလေးဖြစ်တာကြောင့် ဒီဆိုင်လေးကို လာတဲ့သူတိုင်း စိတ်ကျေနပ်မှုရစေမှာ အသေအချာပါပဲ။ ဒါ့အပြင် ဆိုင်ရှင် အန်တီငယ်ရဲ့ ပွင့်လင်းရိုးသားတဲ့ အပြုံးတွေ၊ ဆိုင်ဝန်ထမ်းတွေရဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကြောင့်လည်း စားသုံးသူတွေကို စိတ်ကျေနပ်မှု ရစေမှာပါ။

ဒီဆိုင်လေးမှာရနိုင်တဲ့ မီနူးတွေ

မုဒုံသူ မော်လမြိုင် အိမ်ချက်လက်ရာ ဆိုင်လေးမှာ မွန်ရိုးရာ အစားအစာတွေ ဖြစ်တဲ့ မော်လမြိုင် မုန့်ဟင်းခါး၊ အုန်းနို့ဆန်ခေါက်ဆွဲ၊ မော်လမြိုင် အကြော်စုံ၊ သင်္ကြန်ထမင်း၊ ငါးပေါင်းထုပ်၊ ကျိုက်ခမီ ကျောက်ပွင့်သုပ်၊ သနပ်စုံသုပ်တို့အပြင် မွန်ချက်ဟင်းမျိုးစုံတွေ ဖြစ်တဲ့ ကြက်မွန်ချက်၊ ကကတစ် မွန်ချက်၊ ဝက်သစ်တိုသီးဟင်း စတဲ့ ဟင်းမျိုးစုံ၊ မြန်မာမုန့်မျိုးစုံ၊ နံနက်ခင်းအစားအစာမျိုးစုံ၊ လက်ဖက်ရည်မျိုးစုံ၊ အအေးမျိုးစုံနဲ့ ထိုင်းစာ အစုံ၊ ထိုင်းစတိုင်လ်အသုပ်မျိုးစုံတို့လည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဒီဆိုင်လေးနဲ့ တွဲဖက်ပြီး Mini Market လေးလည်းဖွင့်လှစ်ထားပြီး မွန်ပြည်နယ်ဒေသက လာတဲ့ အဆာပြေမုန့်မျိုးစုံတို့အပြင် ဒေသအသီးသီးက ဒေသထွက် အစားအစာမျိုးစုံပါ ဝယ်ယူရရှိနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆိုင်လေးမှာ လာရောက်စားသုံးမယ်ဆိုရင်တော့ ဒေသပေါင်းစုံက ထွက်ရှိတဲ့ ဒေသထွက်အစားအစာတွေကိုပါ တစ်ခါတည်း မြည်းစမ်းဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

မွန်ဒေသလက်ရာအစားအစာတွေကို နိုင်ငံကျော်စေချင်တဲ့ မုဒုံသူတစ်ဦးရဲ့ စေတနာ

မုဒုံသူတစ်ဥ◌ီးဖြစ်တဲ့ ဆိုင်ရှင် အန်တီငယ်ဟာ မွန်ဒေသအစားအစာတွေကို လူသိများစေချင်ပြီး ရန်ကုန်တစ်မြို့လုံးမှာ ရောင်းစေချင်တယ်လို့ ဆိုပါတယ်။ မွန်တိုင်းရင်းသားရိုးရာ အစားအစာတွေ ကောင်းမွန်ကြောင်းကို လူတိုင်းကို သိစေချင်ပြီး ကိုယ့်ဒေသက အစားအသောက်တွေရဲ့ တန်ဖိုးကို မြှင့်တင်ချင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

“ ဥပမာ- ရခိုင်မုန့်တီလိုပေါ့။ နေရာတိုင်း၊ လမ်းတိုင်းမှာ ရတယ်။ မော်လမြိုင် မုန့်ဟင်းခါးဆို တစ်မြို့လုံးမှာ နေရာ အနှံ့ မရှိနိုင်ဘူး။ မွန်ဒေသအစားအစာဆိုင်တွေကို တစ်မြို့နယ်တိုင်းမှာ တစ်ခုတော့ ရှိစေချင်ပါတယ်။ အန်တီ့မိတ်ဆွေတွေကို ပြောဖူးပါတယ်။ မွန်အစားအစာဆိုင်တွေ ကို ဖွင့်ချင်ရင် အချိုးအစားက အစ ၊ ချက်နည်းပြုတ်နည်းက အစ အကုန်သင်ပေးမယ်ပေါ့နော်။ မွန်လက်ရာကောင်းကောင်းစားလို့ရတဲ့ဆိုင်တွေကို နေရာတိုင်းမှာ ရှိချင်တာပါ။” လို့ မုဒုံသူ အိမ်ချက်လက်ရာရဲ့ ဆိုင်ရှင် အန်တီငယ်က ဆိုပါတယ်။

မုဒုံသူ အိမ်ချက်လက်ရာ ဆိုင်လေးရဲ့ လိပ်စာ

မုဒုံသူ အိမ်ချက်လက်ရာကတော့ ဆိုင် (၂) ဆိုင်ရှိပြီး ဆိုင် (၁) ကတော့ အမှတ် (၁၄၁) ၊ ယောဂီကျောင်းလမ်း၊ ၁၁ ရပ်ကွက်၊ MICT Park အနီး၊ လှိုင်မြို့နယ်နဲ့ ဆိုင် (၂)ကတော့ ဂမုန်းပွင့်ကုန်တိုင် (၂) လွှာ၊ ကမ္ဘာအေး ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်။ ရန်ကုန်မြို့တို့ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၇ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ထားပြီး အိမ်အရောက်ပို့ ဝန်ဆောင်မှု အနေနဲ့ ဖုန်းနံပါတ် ၀၉၄၂၀၀၅၅၈၂၇၊ ၀၉၄၂၇၉၁၃၀၅ တို့ကို ဆက်သွယ်မှာယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်က သူတွေအနေနဲ့ မွန်ပြည်နယ်လက်ရာကောင်းကောင်းလေးတွေ စားချင်တယ်ဆိုရင် မုဒုံသူ အိမ်ချက်လက်ရာဆိုင်လေးကို တစ်ခါလောက် လာရောက်မြည်းစမ်းကြည့်စေချင်ပါတယ်နော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က