ဒီဖုန်းတွေကတော့ မဖြစ်မနေ စောင့်ကြည့်သင့်ပါတယ်

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ပြပွဲကြီးလို့ဆိုနိုင်တဲ့ MWC ပွဲကတော့ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ ကျင်းပတော့မှာပါ။

         ဖဖော်ဝါရီ ၂၅ ကနေ ၂၈ ရက်နေ့အထိ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပသွားမယ့် MWC (Mobile World Congress ) ပွဲမှာSamsung ၊ LG ၊ Huawei ၊ Nokia စတဲ့ နာမည်ကြီး ဖုန်းကုမ္ပဏီတွေရဲ့ အကောင်းဆုံး စမတ်ဖုန်းထုတ်ကုန်တွေကို တစ်စုတစ်စည်းတည်း ပြသသွားမှာပါ။ ဒီပွဲမှာ မိတ်ဆက်သွားဖို့ရှိတဲ့ ဖုန်းတွေထဲမှာ ဘယ်ဖုန်းတွေက စိတ်ဝင်စားဖို့အကောင်းဆုံး ဖြစ်မလဲ။



(၁) Samsung

Photo: The Verge

         ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာမှာ ဆက်တိုက်ရပ်တည်နိုင်ခဲ့တဲ့ Samsung ဟာ ဒီပွဲမတိုင်ခင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ဆန်ဖရန်စစ္စကိုမှာ premium မော်ဒယ်သစ်တွေဖြစ်တဲ့ Galaxy S10 series ကို မိတ်ဆက်သွားမယ်လို့ကြေညာထားပါတယ်။

         MWC 2019 မှာလည်း ဒီဖုန်းတွေကို ထပ်ပြီး မြင်ရဖို့ရှိပါတယ်။ Gorilla Glass 6 လို နောက်ဆုံးပေါ် အကြမ်းခံမှန်နဲ့လာမယ့် ဒီဖုန်းတွေဟာ ဒီနှစ်ထဲမှာ ထူးခြားမှုအနေနဲ့3D scan လုံခြုံရေးမြင့် features တွေ ပါတဲ့ ultrasonic လက်ဗွေစနစ် ၊ dual pixel OIS နဲ့triple lens တွေ သုံးသွားမယ့်အပြင် Infinity O လို့ခေါ်တဲ့ ထူးထူးခြားခြား punch hole ကင်မရာပေါက်တွေနဲ့လာတော့မှာပါ။

         ဒါပေမယ့် တကယ့် စိတ်ဝင်စားဖို့အကောင်းဆုံး Samsung ဖုန်းကတော့ Galaxy F ၊ Galaxy X (သို့မဟုတ်) Galaxy Fold စသည်ဖြင့် နာမည်တစ်မျိုးမျိုးနဲ့မိတ်ဆက်သွားမယ့် ခေါက်သိမ်းနိုင် dispaly ပါဝင်တဲ့ စမတ်ဖုန်းသစ် ဖြစ်မှာပါ။

(၂) Huawei

Photo: yugatech

         Huawei ကတော့ 5G ဖုန်း မိတ်ဆက်မယ်ဆိုတာနဲ့တင် MWC 2019 ဟာ စောင့်ကြည့်ချင်စရာ ပွဲဖြစ်လာပါတယ်။ နောက်တစ်ချက်က Huawei ကလည်း foldable phone မိတ်ဆက်မယ်လို့သတင်းထွက်ထားလို့ဒီနှစ်ထဲမှာ 5G ရတဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းအဆန်းကို မြင်ရမလားဆိုတာ မေးချင်စရာ ဖြစ်နေပါတယ်။

(၃) Nokia

Photo: Nokiamob

         ကျောဘက်မှာ ကင်မရာ ၅ လုံးပါမယ့် ဖုန်းကို တွေ့ရမယ်ဆို အားလုံးစိတ်ဝင်စားကြမှာပါ။ စမတ်ဖုန်းလောကထဲ တကျော့ပြန်ဝင်လာတဲ့ Nokia ဟာ ZEISS ရဲ့ ကင်မရာစနစ်သုံးထားတဲ့ Nokia 9 PureView ကို မိတ်ဆက်မယ်လို့သတင်းထွက်ထားတာလည်း ကြာနေပြီဖြစ်လို့MWC 2019 ဟာ Nokia 9 PureView ကို မြင်ရမယ့် ပွဲဖြစ်ဖို့နီးစပ်ပါတယ်။

(၄) Xiaomi

Photo: The Independent

         Xiaomi ရဲ့ စမတ်ဖုန်းနည်းပညာသစ်တွေထဲမှာ ခေါက်သိမ်းနိုင်ဖုန်းက အဓိကနေရာက ပါဝင်နေပါတယ်။ မကြာသေးခင်ကကိုပဲ ၃ ခေါက်ချိုးနိုင်တဲ့ foldable phone နမူနာကို သုံးပြတဲ့ video တွေ တက်လာခဲ့လို့Xiaomi အနေနဲ့MWC 2019 မှာ ပြသသွားဖို့အဆင်သင့်ဖြစ်နေပြီလို့ဆိုနိုင်ပါတယ်။ နောက်တစ်ခုက triple lens နဲ့under-display လက်ဗွေစနစ်တွေ ပါတဲ့ Xiaomi Mi 9 ပါ။ MWC 2019 ကတော့ ဒီဖုန်းနှစ်မျိုးစလုံးကိုပဲ မိတ်ဆက်သွားမယ့် ပွဲဖြစ်မလား စောင့်ကြည့်ရဦးမှာပါ။

(၅) Vivo

Photo: Android Central

         နည်းပညာအသစ်အဆန်းတွေကို အရင်ဆုံး မိတ်ဆက်တတ်တဲ့ ဖုန်းကုမ္ပဏီတွေထဲမှာ ပါတဲ့ Vivo ရဲ့ ထုတ်ကုန်ကလည်း MWC 2019 ပွဲမှာ ဆွဲဆောင်နိုင်မယ့် ထုတ်ကုန်ဖြစ်ဖို့ရှိပါတယ်။ အထူးသဖြင့် Vivo APEX 2019 မော်ဒယ်ဖုန်းသစ်မှာ ခလုတ်တွေ ၊ စပီကာနဲ့port ပေါက်တွေ ဖြုတ်ထားတဲ့ ဒီဇိုင်းကို သုံးမှာဖြစ်လို့ဒီဖုန်းက ၂၀၁၉ မှာ ခေတ်စားမယ့် ဖုန်းတွေရဲ့ ရှေ့ပြေးမော်ဒယ်လို့တောင် ဆိုနိုင်ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က