Grimes နဲ့ Musk တို့ရဲ့ ပထမဆုံး ရင်သွေးပါ

ဉာဏ်ကြီးရှင် ဘီလျံနာတစ်ယောက် ဖြစ်တဲ့ အီလွန်မတ်စ်ဟာ သူ့ရဲ့ Twitter မှာ မွေးကင်းစ သားငယ်နဲ့အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံတင်ခဲ့ပါတယ်။ 

ကလေးမွေးတဲ့အကြောင်း လူမှုကွန်ရက်ပေါ် တိုက်ရိုက်တင်ခဲ့တာ မဟုတ်ဘဲ Tesla Model S ကို EPA Testing လို့ ခေါ်တဲ့ ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီရဲ့ စမ်းသပ်ချက်အကြောင်း ရေးထားတဲ့ Tweet အောက်မှာ ကလေးမွေးတဲ့အကြောင်းကို လူမှုကွန်ရက်သုံးသူတစ်ယောက်မှ မေးခဲ့တာကြောင့် ဖြေခဲ့တာ ဖြစ်ပါတယ်။ Tweet အောက်မှာ "နာရီအနည်းငယ်လောက်ပဲဗျ။ ကလေးရောအမေရော နေကောင်းကြပါတယ်" လို့ reply ပြန်ခဲ့တာပါ။



Photo: CNET

ဒီနောက်မှာ မတ်စ်ဟာ သားငယ်ကို ပွေ့ချီထားတဲ့ ပုံကို Twitter နဲ့ Instagram နှစ်ခုစလုံးမှာ ပြန် share ခဲ့တာ ဖြစ်ပါတယ်။ ကလေးရဲ့ နာမည်ကတော့ လူတစ်ယောက်နာမည်ထက် ကုဒ်နာမည်ဆန်ပါတယ်။ မတ်စ်ဟာ မေလ ၅ ရက်နေ့မှာ ဖွားမြင်တဲ့ သူ့သားငယ်ကို X Æ A-12 Musk လို့ နာမည်ပေးထားပါတယ်။ တကယ့်နာမည်အစစ် ဟုတ်မဟုတ် မသိရသေးပေမယ့် လောလောဆယ် အသံထွက်ပြီး‌ ခေါ်ဖို့တော့ ခက်မှာ သေချာပါတယ်။

တောင်အာဖရိက ၊ အမေရိကန်နဲ့ ကနေဒါတို့ရဲ့ နိုင်ငံသားတစ်ယောက် ဖြစ်တဲ့ အီလွန်မတ်စ်မှာ ဂျက်စတင်မတ်စ် နဲ့ တယ်လူလာရယ်လီ ဆိုပြီး ဇနီးဟောင်းနှစ်ဦး ရှိထားပါတယ်။ ဒီဇနီးဟောင်းတွေနဲ့အတူ သားသမီး ၆ ဦး ရထားတာ ဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် ဘီလျံနာဟာ လက်ရှိမှာ ကနေဒါအဆိုကျော် ဂရင်းမ်စ်နဲ့ တွဲနေတာ ဖြစ်ပြီး အခုမွေးတဲ့ ကလေးကလည်း သူတို့နှစ်ယောက်ရဲ့ ပထမဆုံးရင်သွေး ဖြစ်ပါတယ်။

Photo: Flipboard


အင်တာနက်ပေါ်မှာ သူတို့နှစ်ယောက်ရဲ့ ကလေးနာမည်ဖြစ်တဲ့ X Æ A-12 Musk ကို လူပြောများနေပါတယ်။ ကလေးအမေဖြစ်တဲ့ ဂရင်းစ်ကတော့ X ဆိုတာ မသိကိန်းကိုပြောတာ ဖြစ်ပြီး Æ ဆိုတာ တရုတ်လို အချစ်နဲ့ Artificial Intelligence လို့ အဓိပ္ပါယ်ရတဲ့ Ai ရဲ့ ဆယ့်တစ်ခုမြောက် စာလုံးပေါင်းဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ A-12 ဟာ သူတို့စုံတွဲရဲ့ အကြိုက်ဆုံး လေယာဉ် SR-71 Blackbird ရဲ့ နာမည်နဲ့ ဂရင်းစ်အကြိုက်ဆုံး သီချင်း Archangel ကို ဆိုလိုတာ ဖြစ်ပါတယ်။

လေယာဉ်ပျံနာမည်နဲ့ ဒီကလေးကို ခေါ်ဖို့ အသံထွက်ပြဿနာကတော့ ရှိနေဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က