သရုပ်ဆောင် ရွှေမှုံရတီရဲ့ ညီမလေး ငွေမှုံရတီက မကြာခင်ရက်ပိုင်းမှာ အသက်(၂၂) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ သရုပ်ဆောင် ငွေမှုံရတီကတော့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ မွေးနေ့အကြို အလှူလေးတွေ လုပ်နေတာလည်း တွေ့ရပါတယ်။
မတ်လ(၁၆) ရက်နေ့ မနက်ပိုင်းက သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှာ “လူနာနဲ့ကျန်းမာရေးဝန်ထမ်းတွေအတွက်” နေ့လည်စာများ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ အလှူလေးနဲ့ ပတ်သတ်ပြီး သူမရဲ့ လူမှု ကွန်ယက် စာမျက်နှာပေါ်မှာ” 22 နှစ်ပြည့်မွေးနေ့အတွက် အလှူလေးကြိုလုပ်ဖြစ်” ဆိုတဲ့ စာလေးနဲ့အတူ အလှူဓာတ်ပုံလေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။
နေ့လည်ပိုင်းမှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့ပြီး ညပိုင်းမှာလည်း အမဖြစ်သူ ရွှေမှုံရတီနဲ့ ညစာအတူတူ စားရင်း ဖြတ်သန်းခဲ့ပါသေးတယ်။ အမကို အရမ်းချစ်တဲ့ ညီမလေးတစ်ယောက်အနေနဲ့ အမဖြစ်သူရဲ့သွန်သင်မှု တွေနဲ့အတူ အသက်(၂၂)ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ငွေမှုံအတွက်ကတော့ ရွှေမှုံဟာ အနီးစပ်ဆုံး တိုင်ပင်ဖော် တစ်ယောက် ဖြစ်တယ်လို့ Duwun အင်တာဗျူး တစ်ခုမှာ ပြောခဲ့ဖူးပါတယ်။
“သူက အိမ်ထောင်လည်း ကျသွားပြီ အလုပ် လုပ်တာလည်း ကြာနေပြီဆိုတော့ သူက ပိုပြီးတော့ ရင့်ကျက်ပါတယ်။ ညီမကိုလည်း အများကြီး သင်ပေးပါတယ်။ သူ့ပို့ချရေးတွေက နည်းနည်းပိုများ လာတာပေါ့နော်။ ပြီးတော့ တိုင်ပင်စရာဆိုလည်း ကိုယ်နဲ့ အနီးစပ်ဆုံးက ဒီအစ်မပဲလေဆိုတော့ သူကပဲ အကုန်ပြောပြတယ်၊ ရှင်းပြပေးတယ်။အဲဒီအထဲမှာမှ ကိုယ့်အတွက် မှတ်သားစရာတွေက အများကြီးပါပဲ။ ကိုယ်ကိုယ်တိုင် သင်ယူနိုင်ရင်တော့ ကောင်းတာပေါ့လေ” လို့ သူက ဆိုပါတယ်။
အစ်မဖြစ်သူက အိမ်ထောင်ကျသွားပေမယ့် ညီအစ်မ နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရင်တုန်းကထက် ပြောင်းလဲ သွားတာတွေ မရှိဘူးလို့ ငွေမှုံရတီက ပြောပါတယ်။
“အခုချိန်မှာလည်း ညီမက တစ်ယောက်တည်းနေတတ်တဲ့သူဆိုတော့ အခန်းထဲမှာပဲနေတယ်၊ ကိုယ်သွားစရာရှိရင် သွားမယ်၊ စားစရာရှိရင် စားတယ် အပြင်သွားမှသာ သူတို့နဲ့ အတူတူ သွားတယ်၊ အတူတူ စားကြတယ်၊ တွေ့ချင်ရင် သူ့ အိမ်သွားလိုက်တယ် ဒီလောက်ပါပဲ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
သရုပ်ဆောင် ငွေမှုံရတီဟာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့အနုပညာလောကထဲကို ရောက်ရှိခဲ့သူ ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရထားသူလည်း ဖြစ်ပါတယ်။သူမဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဂီတလမ်းကြောင်းပေါ်ကိုလည်း လျှောက်လှမ်းလာပြီဖြစ်တဲ့ ငွေမှုံရတီဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူပါ။