ဒီနေ့က သူမရဲ့ မွေးနေ့ပါ။

နေခြည်ဦးကတော့ အသက်(၂၈)နှစ်ပြည့် မွေးနေ့လေးအတွက် မွေးနေ့အလှူတွေများစွာ ပြုလုပ်ခဲ့ပါတယ်။ မွန်ပြည်နယ်ပြန်ပြီး အလှူအတန်းတွေ ပြုလုပ်ခဲ့တာပါ။

Photo : နေခြည်ဦး

နေခြည်ဦးကတော့ ဒီနေ့(ဇန်နဝါရီ၂၅ရက်)မှာ အသက်(၂၈)နှစ်တိတိပြည့်သွားခဲ့ပါပြီ။ မွေးနေ့မတိုင်ခင် ဇန်နဝါရီ(၂၄) ရက်လောက်ကတည်းက မွန်ပြည်နယ်မှာရှိတဲ့ မိဘတွေရဲ့ ရွာလေးကို သွားပြီး အလှူအတန်းတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ဒီနှစ်မွေးနေ့လေးမှာ သူမလုပ်အားခလေးနဲ့ ရထားတဲ့ ငွေကြေးလေးတွေကို လှူဒါန်းခွင့်ရလို့ အရမ်းကို ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

“ယနေ့မွေးနေ့အလှူငွေ စုစုပေါင်း သိန်း ၅၅၀ ကို chillies လေးတွေနဲ့အတူ နေခြည်ဦးနဲ့ ပူးပေါင်းလုပ်ကိုင် နေတဲ့ Brands တွေအားလုံးကို အမှုးထားပြီး လှူဒါန်းနိုင်ခဲ့ပါတယ်။ ဘဝမှာဒီလို အလှူတွေ လုပ်နိုင်မယ်လို့ တစ်ခါမှ မတွေးဖူးပါဘူး။ ကိုယ်ပိုင်လုပ်အားခလေးတွေနဲ့ လှူဒါန်းနိုင်ခဲ့တာမို့ ကျေးဇူးရှိသူတိုင်းအတွက် စိတ်ထဲက အမြဲအမှူးထားပါတယ်” ဆိုပြီး ဇန်နဝါရီ(၂၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ် story မှာ တင်ထားခဲ့ပါတယ်။

Photo : နေခြည်ဦး

နေခြည်ဦးဟာ သူမတို့ရဲ့ မရမ်းကုန်းရွာလေးမှာ ရေသန့်စက်အတွက် အလှူငွေ (၁၅)သိန်းနဲ့ ကျောင်းဆောင် သစ်ဆောက်လုပ်ဖို့အတွက် မတည်ငွေ (၁၁၀)ကို လှူဒါန်းခဲ့သလို ကျောင်းသူကျောင်းသားတွေအတွက် စာရေးကိရိယာတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် ရွာမှာရှိတဲ့ အောင်ရတနာကျောင်းတိုက်မှာလည်း နဂါးရုံဘုရားတည်ဖို့အတွက် မတည်ငွေ သိန်း (၃၀၀) ကိုလည်း လှူဒါန်းနိုင်ခဲ့တာ တွေ့ရပါတယ်။ အခုလိုမျိုး အလှူအတန်းတွေများစွာ ပြုလုပ်ခွင့်ရခဲ့လို့လည်း နေခြည်ဦးတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။

Photo : နေခြည်ဦး

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။လက်ရှိမှာလည်း "အိပ်မက်တွေ မိုးထားတဲ့အိမ်" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို သရုပ်ဆောင်မိုရီဆာကီဝင်းနဲ့ ရိုက်ကူးနေတာဖြစ်ပါတယ်။ နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်တဲ့အခါမှာလည်း ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိခဲ့တာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က