သူမအသက် (၃၀) ပြည့်ပြီဖြစ်ပါတယ်။

ပိုင်ဖြိုးသုဟာ သူမရဲ့ မွေးနေ့ အလှူကို မိဘမဲ့ ကလေးစောင့်ရှောက်ရေးမှ ကလေးများ၊ ဆိုက်ကား ဆရာများနဲ့ လက်လုပ်လက်စား ဆောက်လုပ်ရေး သမားတွေအတွက် အလှူအတန်းတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။ 

Photo: RBV



ပိုင်ဖြိုးသုကတော့ ဧပြီလ ၅ ရက်နေ့က ကျရောက်တဲ့ သူမရဲ့ အသက် (၃၀) ပြည့်မွေးနေ့မှာ တိုက်ကြီးမြို့ သနပ်ချောင်းအုပ်စုက YGW မိဘမဲ့ ကလေးစောင့်ရှောက်ရေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

"သုသုရဲ့အသက်၃၀ပြည့်မွေးနေ့မှာ မနက်စောစောကို တိုက်ကြီးမြို့အလွန် သနပ်ချောင်းအုပ်စုက YGW ပရဟိတမိဘမဲ့ကလေးစောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ နိူ့စို့အရွယ်ကလေး အယောက်၆၀အတွက်နို့မှုန့်အရေးတကြီးလိုအပ်နေတယ်လို့သိရလို့ နှို့မှုန့်ဘူး ၁၆၈ဘူးနဲ့အတူ Diaper, baby wipes နဲ့ ဆန် ဆီ တို့သွားရောက်လှူဒါန်းခဲ့ပါတယ်။ မွေးနေ့အတွက်အလှူလုပ်မယ်ဆိုတော့ အရမ်းလိုအပ်နေတဲ့မိဘမဲ့ကျောင်းလေးတစ်ကျောင်းမှာသွားလှူချင်ခဲ့တဲ့ ဆန္ဒပြည့်ပြီ" ဆိုပြီးတော့ ဧပြီလ ၅ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: RBV

YGW မိဘမဲ့ကျောင်းလေးဟာ အမှန်တကယ် လိုအပ်မှုတွေ များနေတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်တယ်လို့လည်း ပိုင်ဖြိုးသုက ဆက်လက် ပြောပြထားပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ အိမ်အနီးနားမှာရှိတဲ့ ဆိုက်ကားဆရာတွေ၊ အိမ်ဆောက်လုပ်ရေး လုပ်သားတွေကိုလည်း စားနပ်ရိက္ခာတွေ လှူခဲ့တာကို တွေ့ရပါတယ်။ 

"ဒီကျောင်းလေးမှာ တကယ်ကိုလိုအပ်နေတာမို့ အလှူပြုချင်တဲ့မိတ်ဆွေသူငယ်ချင်းများလည်း နောင်ကိုလှူလို့ရအောင်သုသု သူတို့ pageရဲ့ linkလေးလည်းcommentမှာထည့်ထားပေးပါ့မယ်ရှင်။ YGW ကျောင်းကပြန်လာတော့ သုသုတို့အိမ်နားဝန်းကျင်မှာရှိတဲ့ ခုလိုချိန်မှာအိမ်မှာမနေနိုင်ဘဲအလုပ်လုပ်နေရကြတဲ့ စည်ပင်လုပ်သားများ ဆိုက်ကားဆရာများ ဆောက်လုပ်ရေးလုပ်သားများ အယောက် ၁၀၀ ကိုနေ့လယ်စာများလိုက်လံလှူဒါန်းခဲ့ပါတယ်။ ဒီကနေ့ပြုသမျှကုသိုလ်ကြောင့် အသက်ရှင်နေသမျှကာလမှာ သူများကိုဒီ့ထက်ပိုမျှဝေနိုင်သောသူဖြစ်ပါရစေ" လို့ သူက ဆိုပါတယ်။ 

Photo: RBV

ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းက စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။မကြာသေးခင်ကလည်း "ချစ်ခင်စ မှော်ရုံ" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးခဲ့ပြီးတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးထားတာပါ။ ပိုင်ဖြိုးသုနဲ့ အတူ ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကို နဲ့ အေးမြဖြူတို့ကလည်း ပါဝင်သရုပ်ဆောင် ခဲ့ပါသေးတယ်။ ဇနီးမောင်နှံ နှစ်ယောက်ပေါင်းပြီး Fatty Gangster Production ဆိုတဲ့ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဇနီးမောင်နှံ နှစ်ယောက်ပေါင်းပြီး ထူထောင်လိုက်တာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က