ထိုင်းနိုင်ငံက ပရိသတ်တွေက သွေးလှူခဲ့တာလို့ သိရပါတယ်။

ပိုင်တံခွန်ကတော့ သူ့ရဲ့ မွေးနေ့အတွက် ထိုင်းနိုင်ငံက ပရိသတ်တွေက သွေးလှူတဲ့ ကုသိုလ်လုပ်ပေးခဲ့ကြတာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Paing Takon (Thailand)



ပိုင်တံခွန်ကို ချစ်တဲ့ ပရိတ်တွေထဲကမှ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ပရိသတ်တွေဟာ စက်တင်ဘာလ (၁၇) ရက်နေ့မှာ ကျရောက်မယ့် ပိုင်တံခွန်ရဲ့ မွေးနေ့အတွက် ရည်ရွယ်ပြီး ကုသိုလ်အလှူတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ ကုသိုလ်ကြောင့် ပိုင်တံခွန်ကိုယ်တိုင်ကလည်း ပီတိဖြစ်နေမိတယ်လို့ ဆိုပါတယ်။ 

"ကျွန်တော်ရဲ့ Sep 17 မှာ ကျရောက်မယ့် အသက် 24 နှစ်ပြည့် မွေးနေ့ အတွက်ဆိုပြီး ထိုင်းက ပရိတ်သတ်တွေ သွေးလှူပေးနေကြတယ်။ ဘာပြောရမှန်းတောင်မသိပါဘူးဗျာ။ တကယ်ကောင်းမွန်တဲ့ အလုပ်မို့လို့ ဝမ်းသာပီတိဖြစ်သလို သာဓုလည်း ခေါ်ပါတယ် " ဆိုပြီးတော့ စက်တင်ဘာလ (၁၄) ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Paing Takon (Thailand)

ပိုင်တံခွန်ကိုယ်တိုင်ကလည်း သူ့ရဲ့ မွေးနေ့မှာ မြန်မာနိုင်ငံရှိ ပရိသတ်တွေနဲ့ အတူတူ သွေးလှူချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ Covid ကာလနဲ့ ကြုံခဲ့ရတာကြောင့် ဒီအလှူက အတူတူကုသိုလ်ယူဖို့ မဖြစ်နိုင်တော့တဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။ 

" မြန်မာနိုင်ငံမှာလည်း အစက မြန်မာ ပရိတ်သတ်တွေ နဲ့ ပူးပေါင်းပြီး သွေးလှူဒါနမှာ မွေးနေ့အတွက် စုပေါင်းပြီး သွေးလှူဖို့ စီစဉ်ထားပါတယ် ။ဒါပေမယ့် ရောဂါအခြေနေတွေကြောင့် လူစုလူဝေးဖြစ်မှာစိုးလို့ မလုပ်ဖြစ်ခဲ့ဘူး။ ဘာဖြစ်ဖြစ် မွေးနေ့မရောက်ခင် မှာ ကြိုပြီး မွေးနေ့အတွက်အလှူလုပ်‌ပေးကြတဲ့ မြန်မာပရိသတ် thai ပရိတ်သတ် အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အရမ်းလည်းချစ်ပါတယ်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Paing Takon (Thailand)

ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က