ပရိသတ်ကြီးရေ ဒီနေ့ကတော့ပြည်သူချစ် သရုပ်ဆောင်မိုးဟေကိုရဲ့မွေးနေ့​​လေးပဲဖြစ်ပါတယ်။

သရုပ်ဆောင်မိုးဟေကိုကတော့ သူမရဲ့မွေးနေ့လေးမှာ ကွယ်လွန်သွားတဲ့မိဘနှစ်ပါးအတွက် ရည်စူးပြီး နေပြည်တော်စမတောင်မှာ ဘုရားတည်ကာ ခုနှစ်ရက်သားသမီးများကိုစတုဒီသာအလှူတွေပြုလုပ်ပြီ းဖြတ်သန်းခဲ့တဲ့ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ 


Photo Credit-Life

"ဒီနှစ်မှာတော့ မိုးရဲ့မွေးနေ့ကုသိုလ်အဖြစ် ကွယ်လွန်သွားသော ဖေဖေနဲ့မေမေအား ရည်စူး၍ နေပြည်တော် စမတောင်ဥယျာဉ်တော်အတွင်း နဂါးရုံဘုရားတစ်ဆူနှင့် မဟာသမယသုတ် ရွတ်ဖတ်ရန် အဆောင် (၁) ဆောင်၊ ရပ်တော်မူဘုရား (၁) ဆူနှင့် စတုဒီသာကျွေးမွေးခြင်းအလှူတို့ကို (၇) ရက်သားသမီးများနှင့် (၃၁) ဘုံသားများအားလုံးအတွက် လှူဒါန်းပူဇော် ကုသိုလ်ယူဖြစ်ခဲ့ပါတယ်ရှင်" ဆိုပြီးသူမရဲ့မွေးနေ့အလှူလေးအတွက် ရေးသားထားခဲ့ပါတယ်။ 


Photo-Moe Hay Ko Fb

သရုပ်ဆောင်မိုးဟေကိုရဲ့ အမေဖြစ်သူကွယ်လွန်ခဲ့တာ ၂နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ဖခင်ဖြစ်သူကွယ်လွန်ခဲ့တာတော့ အခုဆိုရင်၇လရှိသွားပြီဖြစ်ပါတယ်။ သရုပ်ဆောင်မိုးဟေကိုကတော့ မိဘနှစ်ပါးအတွက် ရည်စူးပြီးအလှူဒါနတွေကို တောက်လျှောက်ပြုလုပ်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ အလှူအတန်းတွေနဲ့ပတ်သက်ပြီးတော့လည်း မိုးဟေကိုကအင်တာူးမှာ "အလှူလေးတွေကတော့ ဖေဖေနဲ့မေမေကွယ်လွန်ပြီးကတည်းက လစဥ်လတိုင်းအလှူလုပ်ဖြစ်နေတယ်။ ပရိသတ်တွေသိတာနဲ့ မီဒီယာအပေါ်တင်တာ မတင်တာပဲရှိတာပေါ့နော်။ မိုးကတော့ပရိသတ်တွေသာဓုခေါ်နိုင်ပါစေလို့ပဲ" ဆိုပြီး အလှူအတန်းတွေနဲ့ ပတ်သက်ပြီးပြောပြခဲ့ပါတယ်။ 

Photo Credit- Moe Hay Ko FB

သရုပ်ဆောင်မိုးဟေကိုကတော့ မိဘနှစ်ပါးရဲ့ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့သူပဲဖြစ်ပါတယ်။ မိဘတွေမရှိတော့တဲ့နောက်မှာမှ အနုပညာအလုပ်အချို့ကို စတင်လက်ခံခဲ့ပြီး လတ်တလောမှာ ပွဲတက်တွေနဲ့အတူ သူမပါဝင်သရုပ်ဆောင်ထားတဲ့ အမုန်းဇာတ်လမ်းတွဲထဲက မြဂမုန်းကာရိုက်တာနဲ့ ပရိသတ်လက်ခံအားပေးမှုကိုရရှိနေပြန်ပါတယ်။

Share

Loading Next Article...
က္က