ထူးအောင်က ဒီနေ့( မေလ ၂၂) ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ အမှတ်တရအနေနဲ့ အလှူအတန်းတွေလည်း လုပ်ခဲ့သလို သိန်း(၁၇၀) တန်ဖိုးရှိ လက်ပတ်နာရီလက်ဆောင်လည်း ရခဲ့ပြန်သေးတယ်လို့ဆိုပါတယ်။
Photo: Htoo Aung
ထူးအောင်က မေလ(၂၂) ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ မှာ ပရိသတ်တွေပေးတဲ့ မွေးနေ့ လက်ဆောင်တွေကြောင့် အရမ်းပျော်တယ်လို့ ဆိုပါတယ်။ ငွေကျပ် သိန်း(၁၇၀) တန်ဖိုးရှိ လက်ပတ်နာရီ တစ်လုံး လက်ဆောင်ရခဲ့တယ်လို့လည်း ပြောပါတယ်။
"တန်ဖိုးရှိသော ကျွန်တော့်မွေးနေ့။ မွေးနေ့အတွက်ဆိုပြီး အမည်မသိပရိသတ်တစ်ဦးဆီက လက်နဲ့ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်၊ 2years ခံ ပန်းစည်း ၊ မွေးနေ့ကိတ် အပြင် သိန်း(၁၇၀) တန် နာရီ တစ်လုံး ရခဲ့ပါတယ်။ ပို့ပေးတဲ့သူကိုကျေးဇူးအများကြီးတင်ပါတယ်။ မထင်မှတ်ထားလို့ အများကြီးအံ့ဩရပါတယ်။ ညီလေးအာကာက ကျွန်တော်အရမ်းလိုချင်နေတဲ့ Apple watch series 5 ကိုလက်ဆောင်ပေးပါတယ်။ဒီနေ့မွေးနေ့မှာတော့ ကျွန်တော်ရဲ့ အမာခံပရိသတ်တွေက ကျွန်တော်အလှူမှာ တစ်ထောင့်တစ်နေရာကနေပါဝင်ခဲ့ပါတယ်။ ကျွန်တော်ဒီနေ့ ဦးမောင်ရဲ့နာရေးကူညီမှုအသင်းမှာ အလှူငွေလဲထည့်ရင်း ကိုယ်တိုင် နာရေးကားမောင်းခြင်း၊ Dead body သယ်ဆောင်တာတွေလုပ်ခဲ့ပါတယ်။ကျွန်တော်ပရိတ်သတ်တွေရဲ့အလှူငွေစာရင်းလေးကိုလဲဖော်ပြပေးချင်ပါတယ် ။ အခုလိုအားလုံးခက်ခဲနေတဲ့အချိန်မှာ တစ်ကူးတစ်က လှူကြသူများအားလုံးကို ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့အတူ မွေးနေ့မှာ နာရေးကားလိုက်မောင်းပေးသော ကို Nyi Htut Khaungနဲ့ Nay Lynn Shane ကိုလဲရှဲရှဲပါ။" ဆိုပြီးတော့ မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။
Photo: Htoo Aung
သရုပ်ဆောင် ထူးအောင်ကတော့ မေလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ အလှူအဖြစ် နာရေးကူညီမှု အသင်းမှာ ငွေကျပ်(၁၀)သိန်းအပြင် နေ့လည်စာ အလှူလုပ်ခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့ ပရိသတ်တွေနဲ့ စုပေါင်းအလှူငွေအဖြစ် ငွေကျပ်(၂၈၀၀၀၀) ကျပ်ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
"ရန်ကုန်မြို့နေ ရုပ်ရှင်သရုပ်ဆောင်ထူးအောင် ၏ မွေးနေ့အမှတ်တရအလှူအား ယနေ့ နံနက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းခဲ့သည်။အလှူငွေ - ၁,၀၀၀,၀၀၀/- (ဆယ်သိန်းကျပ်တိတိ) ၊ သရုပ်ဆောင်ထူးအောင် နှင့် ပရိသတ်များက အလှူငွေ - ၂၈၀,၀၀၀/- ( နှစ်သိန်းရှစ်သောင်းကျပ်တိတိ) နှင့် သရုပ်ဆောင်ထူးအောင် " မွေးနေ့အလှူ "အဖြစ် လူ(၁၅၀)စာ (ထမင်း+ဟင်း) အာဟာရဒါနအတွက် အလှူငွေ - (၂၂၅,၀၀၀/- ( နှစ်သိန်းနှစ်သောင်းငါးထောင်ကျပ်တိတိ) တို့အား လှူဒါန်းပေးခဲ့ပြီး ဥက္ကဌ ဦးကျော်သူမှ ဂုဏ်ပြုလွှာများကိုပြန်လည်ပေးအပ်ခဲ့သည်" ဆိုပြီးတော့ နာရေးကူညီမှုအသင်း ဖေ့စ်ဘွတ်ပေ့ချ်မှာ မေလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီကျော်က ရေးသားခဲ့တာတွေ့ရပါတယ်။
Photo: Htoo Aung
မွေးနေ့ရှင် ထူးအောင် အတွက် ဦးကျော်သူကလည်းအောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ကောင်း၊ ပရဟိတသမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် မွေးနေ့ ဆုတောင်းစကား ဆိုခဲ့ပါသေးတယ်။ ထူးအောင်ကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေကလည်း ထူးအောင်ရဲ့ အလှူအတွက် သာဓု သုံးကြိမ်ခေါ်ဆိုခဲ့တာ တွေ့ရပါတယ်။ ထူးအောင် ကိုယ်တိုင်ကလည်း နာရေးကူညီမှု အသင်းထဲမှာ အသင်းဝင်တစ်ယောက် အဖြစ် ပရဟိတအလုပ်တွေ လုပ်ဆောင်နေတဲ့သူတစ်ယောက်ပါ။
Photo: Htoo Aung
ထူးအောင်ကိုတော့ Model တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အဆက်မပြတ် ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။ သူဟာ တက်သစ်စ လူငယ်သရုပ်ဆောင်တွေထဲမှာမှ အနုပညာအလုပ်တွေလည်း ပိုလုပ်လာရသူဖြစ်သလို ပရိသတ်အခိုင်အမာ ရရှိနေတဲ့ သရုပ်ဆောင်သစ် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။