သူ့ရဲ့ အိမ်မှာ အလှူလုပ်မယ်လို့ပြောပါတယ်။

ခင်လှိုင်ဟာ လူစုလူဝေး မဖြစ်စေမယ့် မွေးနေ့အလှူလေး လုပ်သွားမယ်လို့ဆိုပါတယ်။

Photo: Khin Hlaing



ခင်လှိုင်ကတော့ ဧပြီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့မှာ ဆန် ဝေပြီး အလှူလုပ်မယ်လို့ သိရပါတယ်။ COVID-19 ကြောင့် လူစုလူဝေး လုပ်လို့မရပေမယ့် တတ်နိုင်တဲ့ အလှူလေးနဲ့ ကုသိုလ်ပြုချင်တယ်လို့ ဆိုပါတယ်။ 

"ဆန် ဆိုင်မဟုတ်ဘူးနော် ... မွေးနေ့မှာ လှူဖို့အတွက်ကြိုတင်ပြင်ဆင်နေတာပါ ..ဒီနှစ်ကစတုဒီသာကြွေးလိုမရလောက်ဘူးလေ ..လူစုလူဝေးမလုပ်ရဘူး..ရသလိုလေးလှူမယ်ဗျ" ဆိုပြီးတော့ ဧပြီလ ၅ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ မတ်လ ၂၃ ရက်နေ့တုန်းကလည်း လူ (၁၄၀၀) ကျော်အတွက် ဆန်တွေ ဝေခဲ့တာဖြစ်ပြီး ဇာတ်ပို့ မောင်နှမတွေကိုတော့ ဆန်၊ ဆီနဲ့ ကြက်သွန်၊ အချိုမှုန့် ထုပ်တွေ ဝေခဲ့တယ်လို့ သိရပါတယ်။ 

Photo: Khin Hlaing

သရုပ်ဆောင် ခင်လှိုင်ကတော့ လက်ရှိအခြေအနေမှာ နေ့စား အလုပ်လုပ်ကိုင်နေရသူတွေအတွက် အခက်အခဲတွေ ဖြစ်မှာစိုးရိမ်လို့ တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်တာလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ စားနပ်ရိက္ခာတွေလည်း စုဆောင်းသလို ကျန်းမာရေးအတွက် ဆေးဝါးတွေလည်း ဆောင်ထားသင့်တယ်လို့ ဆိုလာပါတယ်။ 

“ ကျွန်တော်တို့ဆီမှာ ကျန်းမာရေး ဗဟုသုတ တအားနည်းတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တကယ် အားနည်းပါတယ်။ နိုင်ငံတကာမှာဆိုရင် အိမ်တိုင်း အိမ်တိုင်း ဆေး Box လေးတွေရှိကြတယ်။ ကိုယ်တွေမှာ ဘာမီတွန်တောင် အိမ်တိုင်းမရှိဘူး။ မဖြစ်ခင် ကြိုပြီးတော့ တော်တော်လေး သတိထားနိုင်မှဖြစ်မယ်။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာဆိုရင် အိမ်သာက အစ အများသုံး အိမ်သာအနေနဲ့ စု သုံးနေကြတာတွေရှိသေးတယ်။ အဲဒီအရာတွေက ပိုဆိုးတယ်” လို့ ဆိုပါတယ်။ 

Photo: Khin Hlaing

ခင်လှိုင်ဟာ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။သူ့ရဲ့ အနုပညာအမွေကိုတော့ သားဖြစ်သူ နေရဲ နဲ့ သမီးငယ်လေး သဇင်ထူးမြင့် က ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း နေရဲ နဲ့ သရုပ်ဆောင် သဇင်ထူးမြင့်တို့ဟာ အနုပညာအလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေရပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က