ဒီနေ့(ဒီဇင်ဘာလ ၂၉) ရက်နေ့မှာ အသက် ၄၆ နှစ်ပြည့်ပါပြီ။

ဒိန်းဒေါင်ဟာ သူ့ရဲ့ မွေးနေ့မှာ မိခင်ဖြစ်သူကို ငွေကျပ် သိန်း ၃၀ နဲ့ ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကိုတော့ ဆန် တစ်ပြည်ပါတဲ့ ဆန်အိတ် တစ်အိတ်စီလှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာတော့ ဟာသလူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်က အသက် ၄၆ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့မှာတော့ မိခင်ဖြစ်သူကို ငွေကျပ် သိန်း၃၀ နဲ့ ကန်တော့ခဲ့တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ဒီနှစ်မွေးနေ့ကတော့ ထူးထူးခြားခြား ပွဲတွေဘာတွေ ဝင်တယ်။ အမေ့ကို ဒီနှစ် ပိုက်ဆံ သိန်း ၃၀ နဲ့ပဲကန်တော့နိုင်တယ်။ ဆေးရုံတက်လိုက်ရတာ ပိုက်ဆံကုန်သွားတယ်။ ဒီနေ့ဆို လမ်းလှူဖြစ်တယ်၊ ဘုရားဆေးသုတ်ဖို့လှူဖြစ်တယ်၊ ဟိုတစ်နေ့ကဆို ဘုန်းဘုန်းက ဖုန်းလှမ်းဆက်တယ် ဘုရားထီးတော် သွားပြီးတော့ ပင့်ပေးပါတဲ့။ ကျိုက်ထီးရိုးမှာ တင်မယ့် ဘုရားထီးတော်ကို လှူလိုက်ရသေးတယ်။ ကျွန်တော်အရမ်းပျော်တယ်” လို့ ဆိုပါတယ်။ 

ဒိန်းဒေါင်ဟာ သူ့ရဲ့ မွေးနေ့မှာတော့ ကြာဇံကြော်၊ ခေါက်ဆွဲကြော်တွေကို အိမ်ကို လာရောက်တဲ့ ရပ်ဝေး၊ ရပ်နီးက ပရိသတ်တွေကို ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ အဲဒီနောက် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကိုတော့ ဆန် တစ်ပြည်ပါတဲ့ ဆန်အိတ် တစ်အိတ်စီလှူဒါန်းခဲ့တာ တွေ့ရပါတယ်။ နောက်ထပ်လည်း မြောက်ဥက္ကလာပ မြို့နယ် ၂ ရပ်ကွက်မှာရှိတဲ့ မုဆိုးမလမ်း ပြုပြင်နေမှုအတွက်ကိုလည်း မတည်ငွေ ၁ သိန်း ၁ သောင်းလှူခဲ့ပါသေးတယ်။ ဒိန်းဒေါင်ရဲ့ မွေးနေ့ကိုတော့ နယ်က ပရိသတ်တွေလည်း အရောက်လာခဲ့ကြတယ်လို့ သူကပြောပါတယ်။ ဒီမွေးနေ့မှာ အနုပညာညီအစ်ကို မောင်နှမ တချို့ကလည်း ဒိန်းဒေါင်အတွက် မွေးနေ့လက်ဆောင်အဖြစ် တေးသီချင်းတွေနဲ့ သီဆို ဖျော်ဖြေခဲ့ကြပါသေးတယ်။ 

မွေးနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အရာတွေကိုလည်း ဒိန်းဒေါင်က ဆက်လက်ပြောပြခဲ့ပါတယ်။ ဒီနှစ်မွေးနေ့ကတော့ သူ့အတွက် ကံအကောင်းဆုံး နှစ်ပါပဲလို့ ဆိုပါတယ်။ 

“ကျွန်တော့်အတွက်တော့ ဒီမွေးနေ့က မင်္ဂလာရှိတဲ့ မွေးနေ့ပါပဲ။ မနက်အစောကြီး ကိုယ်တည်ခဲ့တဲ့ ဘုရားကိုရောက်တယ်။ သူများ မင်္ဂလာဆောင်မှာ သီချင်းဆိုရတယ်။ ပွဲရတော့ ပွဲသွားကတယ်။ အကြွေးလာပေးတဲ့လူတွေရှိတယ်။ လာဘ်ကောင်းတဲ့ နှစ်လေး တစ်နှစ်လို့ သတ်မှတ်ထားတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်တဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာဖြစ်ပြီး နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က