ဒီနေ့(ဒီဇင်ဘာလ ၃ ရက်) က သူမရဲ့ မွေးနေ့ပါ။

ပိုးကြာဖြူခင်ကတော့ မွေးနေ့လက်ဆောင်အဖြစ် စိန်လက်စွပ်တစ်ကွင်း လက်ဆောင်ရခဲ့တာကြောင့် ပျော်လို့နေပါတယ်။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Photo: Poe Kyar Phyu Khin



ဒီဇင်ဘာလ ၃ ရက်နေ့ကတော့ ဆိုင်းမိုင် လို့ ပရိသတ်တွေ ခေါ်ကြတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မတိုင်ခင် (ဒီဇင်ဘာ၂ရက်)နေ့မှာလည်း မွေးနေ့အကြိုအအနေနဲ့ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။

“မွေးနေ့အကြို စတုဒီသာအလှူ၊ လာအားပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ် ရှင့်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၆ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ အဲဒီနောက် အလှူက အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Poe Kyar Phyu Khin

အဲဒီနောက် ပိုးကြာဖြူခင်ရဲ့ မွေးနေ့အမှတ်တရအဖြစ် အဆိုတော် စိန်လင်း(Aroma) က Surprise လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ တန်ဖိုးကြီးတဲ့ လက်ဆောင်ဖြစ်တာကြောင့်လည်း အရမ်းကို ပျော်ရွှင်နေခဲ့တယ်လို့ သူကဆိုပါတယ်။

“ဒီနှစ်မွေးနေ့လေးမှာ စိန်လက်စွပ်ကြီးနဲ့ အတူ အရမ်းလှတဲ့ ပွဲတက်ဝတ်စုံလေးတွေပါ မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ Aroma မှ အဆိုတော် ကိုစိန်လင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ အစ်ကို့အနုပညာလမ်းကျောင်းမှာ ဒီထပ်မက ပိုအောင်မြင်ပါစေ” ဆိုပြီးတော့လည်း ဆုတောင်းစကား ပြောခဲ့ပါသေးတယ်။

Photo: Aroma

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကပါစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က