ဒီနေ့က နေဝင်းမွေးနေ့ပါ။

 နေဝင်းက ဒီနေ့မှာ မင်္ဂလာပွဲကို ကျင်းပဖို့ စီစဥ်ထားခဲ့ပေမယ့် Covid-19 ရောဂါကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။

 

Photo: Travel Kueen

Snare   အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အဆိုတော် နေဝင်းက ဒီနေ့မှာ ချစ်သူကောင်မလေးနဲ့အတူ ရွှေလက်တွဲသွားပြီဖြစ်ပါတယ်။ နေဝင်းက သူ့ရဲ့ မွေးနေ့မှာ မင်္ဂလာပွဲ ပြုလုပ်ဖို့ စီစဥ်ခဲ့ပေမယ့် ယခုလို Covid -19 ရောဂါအခြေအနေတွေကြောင့် မင်္ဂလာပွဲကို ရက်ရွှေ့လိုက်ရပါတယ်။ ဒါပေမယ့်လည်း ချစ်သူကောင်မလေးနဲ့ ဒီနေ့မှာ လက်ထပ်လိုက်ပြီဆိုတဲ့အကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ တစ်ဆင့် ပရိသတ်တွေကို အသိပေးလိုက်တာ တွေ့ရပါတယ်။

Photo: Nay Win

သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသတင်းကိုကြားပြီး ပရိသတ်တွေ ၊အနုပညာမောင်နှမတွေ အားလုံးကို ဂုဏ်ပြုစကားတွေ ဆိုထားကြပါတယ်။

နေဝင်းကတော့ ချစ်သူလေး အိမ့်ချစ်ချောကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညက New Year’s Show ပွဲမှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်တာ ဖြစ်တဲ့အတွက် လူတိုင်း အားကျရလောက်တဲ့ Surprise လေးတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ချစ်သူ သက်တမ်းကတော့ အခုဆိုရင် ၁၀ နှစ်ကျော်လာခဲ့ပြီလို့ သိရပါတယ်။ အိမ့်ချစ်ချောကတော့ Travel Kueen ဆိုပြီးတော့ လူသိများလှတဲ့ ခရီးသွား Blogger လေးတစ်ယောက်ဖြစ်ပါတယ်။ 

Photo: Travel Kueen

နေဝင်း(Snare) ကိုတော့ Rap သီချင်းတွေ သီဆိုတဲ့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးသားဖြစ်သလို အဆိုတော် ဖြိုးလေးနဲ့ ပူးပေါင်းပြီး Snare အဖွဲ့ အနေနဲ့ သီချင်းအခွေတွေအများကြီး ထွက်ရှိထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဦးဆောင်တဲ့ Frenzo Production နဲ့ ပူးပေါင်းပြီး သီချင်းအခွေတွေ၊ ဂီတဖျော်ဖြေပွဲတွေ သီဆိုနေတာကိုလည်း တွေ့ရပါတယ်။  

 

 

 

Share

က္က