အသက်၃၂ နှစ်ပြည့်မွေးနေ့လေးမှာပဲ ချစ်သူလေးကိုအလင်းပြလိုက်တာဖြစ်ပါတယ်။

အဆိုတော် မိစန္ဒီက သူ့ရဲ့ ၃၂ နှစ်ပြည့် မွေးနေ့မှာ  Surprise တစ်ခုအနေနဲ့ သူမရဲ့ချစ်သူလေးနဲ့ ဓာတ်ပုံတွေကို တင်ခဲ့ ပြီး စျေးဗန်းသိမ်းလိုက်တဲ့ အကြောင်းကို ကြေညာလိုက်ပါတယ်။  

"ဒီနှစ်မွေးနေ့မှာ မိစန္ဒီ ဘဝရဲ့ အမှတ်တရ အဖြစ်ဆုံး အခိုက်အတန့် လေးတချို့ ကို ပရိတ်သတ်ကြီး ကို ဝေမျှခွင့်ပြုပါရှင်.. ဒီနှစ် မွေးနေ့မှာတော့ အရင်လို မိစန္ဒီ တစ်ယောက်တည်း မဟုတ်တော့ပါဘူးလို့။ မမ စျေးဗန်း သိမ်းလိုက်ပါပြီနော် Yes I’m taken hee hee "ဆိုပြီး တစ်ယောက်တည်း မဟုတ်တော့တဲ့အကြောင်းကို ဝေမျှခဲ့တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။ 


Photo- Mi Sandi FB

ထို့အတူ သူမရဲ့ပို့စ် အောက်မှာလည်း ဂုဏ်ပြုထားကြတာကိုလည်း တွေ့ရပြီး အစွံထုတ် သွားတဲ့ မိစန္ဒီ အတွက် ဝိုင်းဝန်းဂုဏ်ပြုထားကြပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်Rapper အဆိုတော် မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ " သတ္တိခဲ" ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိထားပြီးဖြစ်သလို အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

\

Photo- Mi Sandi FB

ဇွန်လ ၁၂ရက်နေ့ဖြစ်တဲ့ ဒီကနေ့ဟာ အအဆိုတော် မိစန္ဒီရဲ့ ၃၂နှစ်ပြည့်တဲ့ မွေးနေ့ဖြစ်တဲ့အပြင် သူက အခုလို လူမှုကွန်ရက်မှာ ရေးသားထားပါသေးတယ်။ "ဘဝရဲ့ အကောင်းအဆိုး အချိုးအကွေ့ လောကဓံတွေ တွေ ကြား ရှင်သန်ရုန်းကန်ရင်း ဒီနေ့မှာ အသက် ၃၂ နှစ်ပြည့်ခဲ့ပါပြီ.. အသက် ၁၉၊၂၀ သီချင်းစဆိုတဲ့ အချိန်လေးတည်းကနေ အခုအချိန်ထိ ပရိတ်သတ်တွေရှေ့မှာ သီချင်းတွေ ဖန်တီးခွင့်ရပြီး ကြီးပြင်းခွင့်ပေးတာရော.. ချစ်ခြင်းမေတ္တာတွေ အတွက်ရော ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး တင်ပါတယ်."လို့ သူမရဲ့ မွေးနေ့အမှတ်တရ အဖြစ်ရေးသားခဲ့တာ ဖြစ်ပါတယ်။  


Share

Loading Next Article...
က္က