ကပ်ရောဂါကြီး ပြီးဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ပရိသတ်အချစ်ကို အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ငွေဇင်လှိုင်းဟာ သူမရဲ့ မွေးရပ်မြေမှာ ဖျော်ဖြေပွဲ ကျင်းပမယ့်အကြောင်းပြောလာပါတယ်။ 

Photo: Ngwe Zin Hlaing



ငွေဇင်လှိုင်းကတော့ သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ တမူးမြို့မှာ ရှိုးပွဲလုပ်မယ်လို့ ပြောပါတယ်။ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေဖြစ်တဲ့ "သီချင်းသည်" ဆိုတဲ့ အခွေလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျနေတယ်လို့ ဆိုပါတယ်။ 

"Covid ပြီးရင် မွေးရပ်မြေမှာ Show ကောင်းကောင်းလုပ်ပြီးဖျော်ဖြေမှာပါ။ ကတိပေးပါတယ်။ ဒီကြားထဲ စိတ်ပင်ပန်းမှုတွေကိုတော့ တူတူကျော်ဖြတ်ကြမယ်။ ငွေဇင်လည်း တတ်နိုင်သလောက်တော့ကြိုးစားနေပါတယ် ။ ဒီနေ့ အခွေ အော်ဒါ တွေထပ်တက်လာတယ်။ ကျေးဇူးအထူးပါဗျိူ့။ အခွေထဲက တေးရေး တွေဆီ တစ်ခွေမှ ဂါရဝမရောက်သေးလို့ ခွင့်လွှတ်ကြပါရှင့်။ ချစ်တဲ့ တမူးပန်ဒါ" ဆိုပြီးတော့ ဧပြီလ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ 

Photo: Ngwe Zin Hlaing

ငွေဇင်လှိုင်းကိုတော့ ပရိသတ်တွေက Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးပြီးတဲ့နောက်မှာတော့ သူမဟာ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုလာရတဲ့ အဆိုတော်တစ်ဦးဖြစ်လို့နေပါပြီ။ မကြာခဏဆိုသလို Single Song လေးတွေလည်း ထွက်ရှိတတ်သူ တစ်ယောက်ပါ။ အခုဆိုရင်တော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ သီချင်းသည် ဆိုတဲ့ အခွေကို ၂၀၂၀ ခုနှစ် မတ်လ ၇ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ 

Photo: Ngwe Zin Hlaing

ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ကနေတဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ (Top -4+1) Result Show အထိ ပါဝင်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ တက်သစ်စ အဆိုတော် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သရုပ်ဆောင် သက်မွန်မြင့်ကိုယ်တိုင်ကလည်း ငွေဇင်လှိုင်းရဲ့ သီချင်းတွေကို အမြဲအားပေးတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က