ဂွါဒီယိုလာတယောက် မရယ်မိအောင် မနည်းထိန်းခဲ့ရတာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ သူ့ရဲ့ကစားသမား ဘာနာဒိုဆေးလ်ဗားကို ဘာစီလိုနာက ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းအတွက် သတင်းထောက်ကမေးမြန်းချိန်မှာတော့ မရယ်မောမိအောင် မနည်းထိန်းချုပ်ခဲ့ရတယ်လို့သိရပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့နွေရာသီတည်းက အသင်းကို စွန့်ခွာဖို့ သတင်းထွက်ခဲ့သူပါ။



ဒါပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်းမှာတော့ ဂွါဒီယိုလာအတွက် အားကိုးရတဲ့ ကစားသမားဖြစ်ခဲ့ပြီး ဒီဘရိုင်းပြီးရင် အသင်းမှာ အခွင့်အရေးဖန်တီးနိုင်စွမ်းအမြင့်မားဆုံး ကစားသမားတယောက်ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ အခုချိန်မှာ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုပေမယ့် ဘဏ္ဍာရေးအရ အတားအဆီး အများအပြားရှိနေပါတယ်။

ဘာစီလိုနာဟာ လက်ရှိအချိန်မှာ ပိုက်ဆံအကျပ်အတည်းကြောင့် နူးကမ့်ကွင်းထဲမှာ မင်္ဂလာအခမ်းအနားကျင်းပစေခြင်း၊ ပြင်ပ ပရိသတ်တွေကို ဘောလုံးကန်ခွင့်ပေးခြင်း အစရှိတဲ့ ဝန်ဆောင်မှုမျိုးစုံနဲ့အတူ ပိုက်ဆံရှာဖွေနေရပါတယ်။ ဘာစီလိုနာအနေနဲ့ လက်ရှိဇွန်မကုန်ခင် ဝင်ငွေ ယူရိုသန်း (၅၀၀) နဲ့ အထက် စာရင်းပြသနိုင်ဖို့ လိုအပ်နေပါတယ်။

ဒီလိုမျိုးအသင်းက ဘာနာဒိုဆေးလ်ဗားအတွက် ပြောင်းရွှေ့ကြေး၊ လုပ်ခလစာတို့ကို ပေးချေဖို့ အခက်အခဲရှိမှာ သေချာပါတယ်။ အဲ့ဒါကြောင့်လည်း ဒီလိုမျိုး ဘာစီလိုနာက ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မေးခွန်းအတွက် ရယ်မိတော့မလိုဖြစ်ခဲ့ရတာပါ။ ဂွါဒီယိုလာတယောက် သူ့ပါးစပ်ကို အတင်းစိ၊ မျက်နှာကို တဖက်လွှဲခဲ့ရပါတယ်။



အဲ့ဒီနောက်မှာမှ ဂွါဒီယိုလာက “ဘာစီလိုနာက ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းနေရပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာရဲ့ နည်းပြဟောင်းတယောက်လည်းဖြစ်ပါတယ်။ လက်ရှိဘာစီလိုနာဟာ ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် လီဝန်ဒေါစကီး၊ ရာဖင်ညာနဲ့ အခု ဘာနာဒိုဆေးလ်ဗားတို့လို ကစားသမားတွေကို စိတ်ဝင်စားနေတာပါ။ 

Share

Loading Next Article...
က္က