ဆော်ဒီက အဆိုပါခွေးအမျိုးအစားကို တားမြစ်ထားတာပါ။

လီဗာပူးကွင်းလယ်လူ ဖာဘင်ဟိုဟာ သူ့ရဲ့ အိမ်မွေးခွေးကို ဆော်ဒီနိုင်ငံကို ခေါ်ဆောင်သွားခွင့်မရှိတာကြောင့် ဆော်ဒီကို ပြောင်းရွှေ့မယ့်ကိစ္စရပ်က ပျက်ပြယ်သွားဖွယ်ရှိပါတယ်။ ဖာဘင်ဟိုကို ခေါ်ယူဖို့အတွက် အယ်လ်အီတီဟတ်က ကြိုးစားနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) နဲ့ ကမ်းလှမ်းထားပါတယ်။



ဖာဘင်ဟိုဟာ ဆော်ဒီမြေကိုသာ ပြောင်း‌ရွှေ့ဖြစ်ခဲ့မယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် (၄) သိန်းခွဲနီးပါး ရရှိမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖာဘင်ဟိုက ဥရောပရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ၊ ကန်တေတို့နဲ့လည်း တစ်သင်းတည်း တွဲကစားခွင့်ရရှိမှာဖြစ်ပါတယ်။

ကစားသမားဘက်ကလည်း ဆော်ဒီမြေကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် ဆော်ဒီနိုင်ငံရဲ့ ဥပဒေကြောင့် ဖာဘင်ဟိုတစ်ယောက် သူမွေးမြူထားတဲ့ ခွေးကို ခေါ်ဆောင်သွားခွင့် မရှိပါဘူး။ ဒီအချက်က ဖာဘင်ဟိုကို အခက်တွေ့စေပြီး လက်ရှိမှာ အပြောင်းအရွှေ့ကိစ္စရပ်အတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေက‌ ရှေ့ဆက်မတိုးနိုင်ဖြစ်နေရပါတယ်။

ဖာဘင်ဟိုမွေးမြူထားတဲ့ Bulldog ဟာ ဆော်ဒီနိုင်ငံမှာ အန္တရာယ်ရှိပြီး ရန်လိုတဲ့ခွေးစာရင်းမှာ ထည့်သွင်းခံထားရပြီး ဒီခွေးကို နိုင်ငံအတွင်း ခေါ်သွင်းခွင့် မရှိပါဘူး။ လက်ရှိမှာတော့ အသင်းရဲ့ ရာသီကြို ခြေစမ်းခရီးကို လိုက်ပါသွားခြင်းမရှိတဲ့ ဖာဘင်ဟိုက အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ လီဗာပူးနဲ့ ချိတ်ဆက် သတင်းပို့မှုတွေ ပြုလုပ်ထားပါတယ်။

ကလော့ပ်ကလည်း အပြောင်းအရွှေ့အတွက် နောက်ထပ် သေချာရေရာတဲ့ အခြေအနေတစ်ခု မရှိခင်အချိန်အထိ ဖာဘင်ဟိုကို အသင်းနဲ့ ဆက်လက်ပူးပေါင်းခွင့် ပေးသွားဖို့ ရှိပါတယ်။ လီဗာပူးဟာ ဖာဘင်ဟိုရဲ့နေရာကို အစားထိုးဖို့အတွက် ဆောက်သမ်တန်ကြယ်ပွင့် လာဗီယာကို ကမ်းလှမ်းခဲ့ပေမယ့် ဆောက်သမ်တန်ဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) တောင်းဆိုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က