ကလေးငယ်ပေါင်း (၅) ထောင်ကျော်က မက်ဆီအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာပါ။

မက်ဆီတယောက် ပြီးခဲ့တဲ့ ဇွန် (၂၄) မှာ အသက် (၃၅) နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး ကစားသမားတယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီက အာဂျင်တီးနားတနိုင်ငံလုံးရဲ့ မျှော်လင့်ချက်အဖြစ်လည်းရှိနေပါတယ်။



မက်ဆီအနေနဲ့ ကစားသမားဘဝက အနားမယူခင်မှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ဆွတ်ခူးသွားနိုင်ဖို့အတွက် ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ အာဂျင်တီးနားကလေးငယ်တွေအတွက်လည်း မွေးရာပါ ပါရမီရှင် မက်ဆီက စံပြုလောက်စရာ ပုဂ္ဂိုလ်တယောက်ဖြစ်နေပါတယ်။ ဒီလိုမျိုး မက်ဆီအတွက် အာဂျင်တီးနားက သူ့ရဲ့မွေးရပ်မြို့မှာ ကလေးငယ်ပေါင်း (၅) ထောင်ကျော်က မွေးနေ့ဆုတောင်း သီချင်း သီဆိုပေးခဲ့ပါတယ်။

အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့မှာရှိတဲ့ လူငယ် Orchestra တဖွဲ့က လူငယ်တွေ ဦးဆောင်ပြီး ဒီအစီအစဥ်ကို အကောင်အထည်ဖော်ခဲ့ကြတာပါ။ ဒီလိုမျိုး ကြက်သီးထစရာကောင်းတဲ့အစီအစဥ်ကို “မွန်ဒိုလီယို” ဆိုတဲ့ ပရိုဂရမ်အသစ်အနေနဲ့ ဒေသတွင်းရုပ်သံလိုင်းကနေလည်း ထုတ်လွှင့်ပြသခဲ့ပါတယ်။ မက်ဆီကတော့ သူ့ရဲ့မွေးနေ့ပွဲကို သီးသန့်ကျွန်းတကျွန်းမှာ ကျင်းပခဲ့ပြီး ဇနီးသည်နဲ့အတူ သူငယ်ချင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းဖော်ဟောင်း လူးဝစ်ဆွာရက်ဇ်လည်း မက်ဆီရဲ့မွေးနေ့ပွဲကို လာရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဘာစီလိုနာကစားသမားတွေ တယောက်မှ မက်ဆီအတွက် မွေးနေ့ဆုတောင်းပေးခဲ့ခြင်းမရှိတာပါပဲ။ ရော်နယ်ဒိုနဲ့အနေနီးစပ်တယ်လို့ အာဂျင်တီးနားပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတဲ့ ဂါနာချိုကတော့ မက်ဆီကို ထာဝရအကောင်းဆုံးကစားသမားအဖြစ် ရည်ညွှန်းပြီး မွေးနေ့အမှတ်တရ ဆုတောင်းပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က