နှစ်စဉ် နှစ်တိုင်း Birthday Surprise လုပ်ပေးခဲ့တာပါတဲ့။

အားတီကတော့ သူချစ်ရတဲ့ သရုပ်ဆောင်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်အတွက် မွေးနေ့ ဆုတောင်းစကားတွေ ပြောလာပါတယ်။ 

Photo: Ar-T



အဆိုတော်အားတီ က ဒီနေ့(ဧပြီလ ၂၄ရက်) မှာကျရောက်တဲ့ အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင်အတွက် မွေးနေ့ ဆုတောင်းစကားဆိုလာပါတယ်။ COVID-19 ကာလထဲဖြစ်နေတာကြောင့် ပျော်အောင် မဖန်တီးပေးနိုင်ခဲ့ဘူးလို့လည်း သူက ပြောပါတယ် 

"Happy Birthday ပါ ချစ်သောမအူဝဲ။ ကျန်းမာချမ်းသာပျော်ရွှင်အေးချမ်းပါစေ ။ ဒီနှစ်တော့ ညမထွက်ရအမိန့်တွေကြောင့် Surprise လုပ်ခွင့်မရဘူး။ နောက်နှစ်" ဆိုပြီးတော့ ဧပြီလ ၂၄ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Ar-T

အားတီ ဟာ ၂၀၁၉ ခုနှစ်တုန်းက အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့မှာလည်း Birthday surprise လုပ်ခဲ့တာကို တွေ့ရပါတယ်။ သူကိုယ်တိုင်အရမ်းချစ်ရတဲ့ သရုပ်ဆောင်တွေထဲမှာ အိန္ဒြာကျော်ဇင်လည်း တစ်ယောက်အပါအဝင် ဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ အားတီက ဖြေဆိုခဲ့ဖူးပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း အိန္ဒြာကျော်ဇင် အတွက် မွေးနေ့ ဆုတောင်းလေးတွေ အမြဲလုပ်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Ar-T

အဆိုတော် အားတီကိုတော့ သီချင်းမြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ်။ အဲဒီနောက် ကိုယ်ပိုင် စီးပွားရေးအနေနဲ့ အားတီရဲ့ ‘’ချဉ်ငံစပ်’’ ဆိုတဲ့ စားသောက်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ 


 


ဆက်စပ်အကြောင်းအရာများ

Share

က္က