မွန်ဂိုလီးယားက တရုတ်နဲ့ ရုရှားတို့နဲ့ ထိစပ်နေတဲ့ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပါတယ်။

မွန်ဂိုလီးယားနိုင်ငံမှာ COVID-19 ထိန်းချုပ်ကာကွယ်ရေး တင်းကြပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို ကာကွယ်ဆေးတစ်မျိုး ထွက်ရှိလာချိန်အထိ ဆက်လက်ထားရှိသွားမယ်လို့ ဝန်ကြီးချုပ်က ယနေ့ (မေ ၂၆ ရက်) ပြောပါတယ်။

(Photo: AFP)

ဝန်ကြီးချုပ်ရဲ့ အဆိုပါ ပြောကြားမှုအရ မွန်ဂိုလီးယားမှာ lockdown အစီအမံများ လနဲ့ချီ ကြာမြင့်မယ်လို့ ခန့်မှန်းမှုတွေလည်း မြင့်တက်လာပါတယ်။ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံကြားရှိနေတဲ့ ကုန်းတွင်းပိတ်နိုင်ငံ မွန်ဂိုလီးယားမှာ မတ်လ ၁၂ ရက်နေ့က ပထမဆုံး COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့ပါတယ်။



ကပ်ရောဂါ စတင်တွေ့ရှိခဲ့တဲ့ တရုတ်နဲ့ လတ်တလော ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်နေတဲ့ ရုရှားနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ မွန်ဂိုလီးယားဟာ ကူးစက်မှုများ ကာကွယ်နိုင်ရန် နယ်စပ်ပိတ်ပင်ခဲ့တဲ့ ပထမဆုံး နိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်ပါတယ်။ မွန်ဂိုလီးယားမှာ တက္ကသိုလ်များ၊ ကျောင်းများနဲ့ မူကြိုများကို စက်တင်ဘာလအထိ ပိတ်ထားမှာ ဖြစ်ပါတယ်။

(Photo: AKI Press)

ထို့အတူ အများပြည်သူ ဆန္ဒပြမှုများ၊ အသက် ၁၂ နှစ်အောက် ကလေးတွေကို ဈေးဝယ်စင်တာ သို့မဟုတ် စားသောက်ဆိုင်များသို့ လာရောက်မှုကို တားမြစ်ပိတ်ပင်ပြီး mask များ မဖြစ်မနေ တပ်ရမယ်လို့ စည်မျဥ်းစည်းကမ်းများ သတ်မှတ်ထားပါတယ်။ "နိုင်ငံမှာ အသွားအလာ ကန့်သတ်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို ကာကွယ်ဆေးတစ်မျိုး ရရှိလာတဲ့အထိ ဆက်လက်ထားရှိသွားပါမယ်" လို့ ဝန်ကြီးချုပ် Khurelsukh Ukhnaa က လွှတ်တော်မှာ ပြောကြားပါတယ်။

COVID-19 ထိန်းချုပ်ကာကွယ်ရေး မည်သည့် စီမံဆောင်ရွက်မှုတွေကို ဆက်လက်ထားရှိမယ့်အကြောင်း အသေးစိတ်ကိုတော့ ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူးလို့ AFP သတင်းမှာ ဖော်ပြပါတယ်။ သို့သော် မည်သည့်အချိန်မှာ နယ်စပ်များ ပြန်ဖွင့်မယ်ဆိုတာ မသိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

(Photo: Reuters)

ဝန်ကြီးချုပ်က အသွားအလာ ပိတ်ပင်ကန့်သတ်ချက်များနဲ့ ပတ်သက်ပြီး ကြေညာခဲ့ပေမဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကိုတော့ စီစဥ်ထားခဲ့တဲ့အတိုင်း ဇွန် ၂၄ ရက်မှာ ကျင်းပပြုလုပ်မယ်လို့ ဆိုပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ စာရင်းတွေအရ မွန်ဂိုလီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၄၁ ဦးနဲ့ ပြန်လည်သက်သာသူ ၃၇ ဦးရှိခဲ့ပြီး သေဆုံးမှု မရှိခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅.၆ သန်းကျော်၊ သေဆုံးသူ ၃၄၈,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၂.၃ သန်းကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က