Chillies လေးတွေက အမြဲတမ်း သူမဘက်ကနော်။

နှင်းနုကို အားပေးကြတဲ့ Chillies လေးတွေကို ကျေးဇူးတင်မဆုံး ဖြစ်လို့နေပါတယ်။ မကြည့်ရသေးတဲ့ ပရိသတ်တွေလည်း ဆက်ပြီး အားပေးပါဦးနော်တဲ့။

Photo : ဧည့်သည်



“ဧည့်သည်” ရုပ်ရှင်ဇာတ်ကားထဲမှာ နှင်းနုကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ နေခြည်ဦးကတော့ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိလို့ နေပါတယ်။နှင်းနုကို အားပေးတဲ့ Chillies လေးတွေနဲ့ ထမင်းရှင် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း နေခြည်ဦးက ယခုလို ပြောထားပါသေးတယ်။

“သိပ်ချစ်ရတဲ့ chillies များ "ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီး" ကို အခုလို အနယ်နယ်အရပ်ရပ်ကနေ နှင်းနုကိုချစ်လို့ သွားကြည့်ကြတဲ့ ပရိသတ်ထမင်းရှင်တွေကို

ပြောမပြတတ်လောက်အောင်ကျေးဇူးတင်ပါတယ်။  welove group တွေမှာလဲ တင်ပေးပြီး မကြည့်ရသေးတဲ့သူတွေကို ကြည့်ဖို့တိုက်တွန်းပေးတာလဲ  အရမ်းချစ်တယ်” ဆိုပြီး မေလ(၃၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဧည့်သည်

ဆက်လက်ပြီးတောာ့လည်း မကြည့်ရသေးတဲ့ ပရိသတ်တွေ ရင်ခုန်မှုအပြည့်နဲ့ ကြည့်လို့ရအောင် ရုပ်ရှင်ရုံတွင်းမှာ ဗီဒီယိုလေးတွေ ရိုက်ပြီး မတင်ပေးဖို့ကိုလည်း နေခြည်ဦးက မေတ္တာရပ်ခံထားပါသေးတယ်။

ဒါပေမယ့် မကြည့်ရသေးတဲ့သူတွေလဲ  နှင်းနုကို ရင်ခုန်မှုအပြည့်နဲ့  ကြည့်လို့ရအောင် ရုပ်ရှင်ရုံအတွင်း  video မှတ်တမ်းများ မတင်ပေးဖို့ နှင်းနု မေတ္တာရပ်ခံပါရစေနော်။နှင်းနုက ချစ်တာဘဲ သိတယ်လေ။  trailer လေးကြည့်ပြီး အပြင်မှာလဲ နှင်းနုအဖြစ် ဝင်ခံစားနေရတဲ့ ပရိသတ်အားလုံးကို  ကိုယ်တိုင်ဝင်ခံစားလို့ရအောင်  Spoiler တွေအလုပ်မခံရဘဲ ကြည့်စေချင်တယ်။  ရုံထဲမှာ နှင်းနု စောင့်နေမယ်နော်။  ပရိသတ်တွေနဲ့ ခံစားချက်တစ်သားထဲကျနေဖို့ နှင်းနု..” ဆိုပြီး သူမက ပြောထားတာပါ။

Photo : Amazing Grace

နေခြည်ဦးဟာ သူမရဲ့ Chillies တွေကြောင့် ဘယ်တော့မှ မျက်နှာမငယ်ခဲ့ရပါဘူး။အခုလည်း သူမရဲ့ ပရိသတ်တွေရဲ့ အားပေးမှုက တကယ့်ကို အားရစရာပါ။

နေခြည်ဦးက ဧည့်သည် ရုပ်ရှင်ဇာတ်ကားထဲမှာ နှင်းနုဆိုတဲ့ ကောင်မလေး နေရာက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒီဇာတ်ကားဟာ သူမရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Photo : နေခြည်ဥိး

နေခြည်ဦးဟာ လက်ရှိမှာ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးနေတဲ့ အခမ်းအနားဆုံးမေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်လို့နေပါတယ်။ 

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေလည်း လုပ်လို့နေပါပြီ။ သူမဟာ ရန်သူ ရုပ်ရှင်ကား၊ ဧည့်သည် ရုပ်ရှင်ကား၊ ကိုယ်ပွား ရုပ်ရှင်ကား၊ အောက်ဖဲမလှန်ကြေးရုပ်ရှင်ကား၊ တို့ကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ ‘’အခမ်းနားဆုံးမေတ္တာ’’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က