မနှစ်က ဒီလိုအချိန်မှာ စိတ်အားငယ်မှုတွေ ဝမ်းနည်းမှုတွေနဲ့ အရှုံးသမားတစ်ယောက်လို ခံစားနေရတဲ့အချိန်တွေ ဖြစ်ခဲ့တယ်တဲ့။
Photo : အေသင်ချိုဆွေ FB
အဆိုတော် အေသင်ချိုဆွေက မနှစ်က ဒီလိုအချိန်မှာ တင်ခဲ့တဲ့ ပုံလေးတွေကို သူမရဲဲ့ ဖေ့စ်ဘွတ်မှာ ပြန်တင်ရင်းနဲ့ မနှစ်က ဒီလိုအချိန်နဲ့ ယခုလက်ရှိအချိန်ကွာခြားမှုတွေကို ရင်ဖွင့်လို့လာပါတယ်။ မနှစ်က ဒီလိုအချိန်မှာ စိတ်အားငယ်မှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ အရှုံးသမားတစ်ယောက်လို ခံစားနေရတဲ့အချိန်တွေ ဖြစ်ခဲ့တယ်တဲ့။
“4 Jan 2018 VS 4 Jan 2019(Today)မနှစ်ကဒီလိုအချိန် နဲ့ ယခုလက်ရှိပုံတွေပြန်တတ်လာလို့ ?? အဲ့တုန်းက စိတ်အားငယ်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အရှုံးသမားတယောက်လိုခံစားနေရတဲ့အချိန်၊ ဘယ်လောက်ဟန်ဆောင်ဆောင် မျက်နှာမှာပေါ်နေတယ်အခုလဲဝ တာတော့ "ဝ" တုန်းပါပဲဒါပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ပိုပြီးstrongဖြစ်နေလို့ ကျေနပ်တယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာေ ရးသားထားတာတွေ့ရပါတယ်။
Photo : အေသင်ချိုဆွေ FB
သူမဘယ်လောက်အမှားတွေလုပ်လုပ် စိတ်မပျက်ဘဲ၊ အချစ်မလျော့ဘဲ အခုထိ အားပေးနေတဲ့ Fan တွေကိုလည်း ဘယ်လောက်ချစ်ကြောင်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။
“ကျွန်မတလွဲတွေလုပ်ပြီး၊ဘယ်လောက်အမှားတွေလုပ်လုပ်၊ စိတ်မပျက်ဘဲ၊အချစ်မလျှော့ပဲ၊ ကျွန်မရဲ့ ပိန်ခြင်း၊ဝခြင်း ဖြစ်တည်မှုကအစ အခုSingle mother ဆိုတဲ့ ဖြစ်တည်မှုကိုပါလက်ခံပြီး ချစ်ပေးကြတဲ့ကျွန်မရဲ့ သိပ်ချစ်ဖို့ကောင်းတဲ့Loyalty Fans လေးတို့တယောက်ချင်းဆီကို အရမ်းကျေးဇူးတင်ပါတယ်” ဆိုပြီး ဇန်နဝါရီ(၄) ရက်နေ့က သူမက ပြောထားတာပါ။
Photo : အေသင်ချိုဆွေ FB
အေသင်ချိုဆွေဟာ Single Mother အဖြစ် ခံယူထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အေသင်ချိုဆွေက ၂၀၁၈ခုနှစ်အတွင်းမှာ ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ နယ်တွေသွားနေရသူပါ။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပေမယ့်လည်း အေသင်က သမီးလေး Ivy ကို မျက်စိအောက်က အပျောက်မခံတဲ့သူပါ။
အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။
Photo : အေသင်ချိုဆွေ FB
သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။
အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။