(၃၄)ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိကာ လင်းအောင်မိုး Express ယာဉ်က လမ်းဘေးချောက်ထဲထိုးကျသွားခဲ့ပြီး Probox ယာဉ်ပေါ်မှာပါလာခဲ့တဲ့ လူ(၇)ဦးစလုံးကတော့ သေဆုံးခဲ့တာဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အာရှလမ်းမကြီးမှာ ဒီကနေ့ ဇန်နဝါရီလ(၃)ရက်နေ့ မနက်ပိုင်းက Probox ယာဉ်တစ်စီးနဲ့ ခရီးသည်တင်မှန်လုံ Express ယာဉ်တစ်စီးတိုက်မိကာ တိမ်းမှောက်ခဲ့ပြီး (၁၈)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ခရီးသည်တင်ယာဉ်က တိုက်မိပြီး လမ်းဘေးချောက်ထဲကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

photo- Myanmar Fire Services Department

“ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်ပြီး ခရီးသည်တင်ယာဉ်က ချောက်ထဲကျသွားတယ်။Probox ကမကျဘူး။ အခုလက်ရှိထိတော့ ယာဉ်နှစ်စီးအားလုံးက လူ (၃၄)ဦးထိခိုက်ဒဏ်ရာရတယ်။ သေဆုံးသူကတော့ (၁၈)ဦးရှိတယ်။ Probox ပေါ်က ယာဉ်မောင်းအပါအဝင်(၇)ဦးပါတာ။ (၇)ဦးလုံးသေတာ။ ကျန်တဲ့သေဆုံးတဲ့ သူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကတော့ Express ယာဉ်ပေါ်ကခရီးသည်တွေဖြစ်တယ်" လို့ မြဝတီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။

photo- Myanmar Fire Services Department

ခရီးသည်တင်မှန်လုံယာဉ်က ရန်ကုန်ကနေ မြဝတီကိုသွားတဲ့ လင်းအောင်မိုး Express ယာဉ်ဖြစ်တယ်လို့သိရပါတယ်။ ဒဏ်ရာရရှိတဲ့ လူနာတွေကို မြဝတီခရိုင်ဆေးရုံကိုပို့ဆောင်ထားပြီး ဆေးကုသမှုတွေဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တာက ဒီကနေ့ မနက်(၁၀)နာရီလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ မွန်းလွဲ (၁)နာရီကျော်လောက်ထိလုပ်ဆောင်ခဲ့ရတယ်လို့ ဦးသန့်ဇင်အောင်ကပြောပါတယ်။ဒဏ်ရာရရှိတဲ့ လူနာတွေမှာလည်း စိုးရိမ်ရတဲ့ လူနာတွေပါဝင်နေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က