သက်ဆိုင်ရာတာဝန်ရှိသူတွေပူးပေါင်းပြီး ဆောင်ရွက်နေတာပါ။

မြဝတီမြို့မှာ အရင်ကထက်ပိုပြီး တရုတ်လူမျိုးတွေဟာ တရားမဝင်နေထိုင်မှုတွေရှိလာသလို စီးပွားရှာမှုတွေရှိလာတယ်။ သူတို့က နယ်မြေကို လွှမ်းခြုံချင်တဲ့ ပုံစံမျိုးတွေဖြစ်လာတော့ ကျွန်တော်တို့က ဒါမျိုး အဖြစ်မခံနိုင်လို့ အခုလိုတွေဆောင်ရွက်နေတာဖြစ်တယ်လို့ မြဝတီမြို့ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသန့်ဇင်အောင်က ပြောပါတယ်။

photo - မိုးသူ ( မြဝတီ)

ကရင်ပြည်နယ် မြဝတီမြို့မှာ တရုတ်စာလုံးတွေနဲ့ ရေးသားထားပြီး ကပ်ထားတဲ့ ပိုစတာများနဲ့ ကြော်ငြာဆိုင်းဘုတ်များကို မြဝတီမြို့မှ တာဝန်ရှိအဖွဲ့အစည်းများပူးပေါင်းပြီး လိုက်လံဖြုတ်သိမ်းနေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံကနေသိရပါတယ်။

“ အဓိကကတော့ ကျွန်တော်တို့ဆီကို တရားမဝင်နေထိုင်မှုတွေအများကြီးရှိလာတယ်။ အခုနောက်ပိုင်းမှာဆိုရင် စည်ပင်သာယာနယ်နမိတ်တွေမှာ သူတို့ တရုတ်စာတန်းပါတဲ့ ဆိုင်းဘုတ်တွေ တော်တော်များများတွေ့လာရတော့ နယ်မြေအနေနဲ့ အဆင်မပြေဘူး။ အမှန်ဆို ခုလိုဆိုင်းဘုတ်တွေတပ်မယ်ဆိုရင် စည်ပင်သာယာရေးဌာနရဲ့ခွင့်ပြုချက်ရမှ တပ်လို့ရတာ။အခုက အဲလိုမဟုတ်ဘဲ သူတို့နယ်မြေလိုမျိုးသတ်မှတ်ပြီး လုပ်ချင်သလိုလုပ်လာကြတာ။ ဒါကို မြို့ခံနယ်မြေတွေကလည်း လုံးဝလက်မခံနိုင်ကြတော့ ကျွန်တော်တို့ တာဝန်ရှိသူတွေအနေနဲ့ကလည်း အစည်းအဝေး တစ်ရပ်လုပ်ပြီးတော့ သက်ဆိုင်ရာအဖွဲ့တွေပေါင်းပြီး ဆိုင်းဘုတ်တွေလိုက်ဖြုတ်နေတာဖြစ်တယ်” လို့ မြဝတီမြို့ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။

photo - မိုးသူ ( မြဝတီ)

မြဝတီမြို့မှာ အခုလို တရုတ်စာတန်းပါဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းနေတာက ပြီးခဲ့တဲ့ (၃)ရက်လောက်ကတည်းက ဆောင်ရွက်နေတာဖြစ်ပြီး ယနေ့ထိလည်း လက်လှမ်းမီသလောက် သတင်းရရှိသလောက်လိုက်လံဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့မြို့က နယ်စပ်ဒေသလည်းဖြစ်တယ်။ ရှင်းရှင်းပြောရရင် သူတို့ကလည်း သူတို့ plan ရှိမှာပေါ့။ နယ်မြေကိုလွှမ်းခြုံချင်တဲ့ ပုံစံမျိုးပေါ့။ ဒါမျိုးကကျတော့ကျွန်တော်တို့က အဖြစ်ခံလို့မရဘူးလေ။ ဒါကြောင့်လည်း အခုလိုတွေ လိုက်ပြီးလုပ်ဆောင်ရတဲ့သဘောပါ “ လို့ ဦးသန့်ဇင်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံသားတွေတောင်မှ နိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ကိုင်ရမယ်ဆိုရင် လုပ်ငန်းလိုင်စင်ရမှာ လုပ်ကိုင်နေကြရတာဖြစ်ပြီး တရုတ်လူမျိုးတွေက မြန်မာနိုင်ငံမှာစီးပွားရေးကို သက်ရာခွင့်ပြုချက်မရဘဲ လုပ်ချင်သလိုတွေလုပ်နေကြတာလို့လည်း ဦးသန့်ဇင်အောင်ကဆိုပါတယ်။ မြဝတီမြို့ဟာ နယ်စပ်ဒေသဖြစ်တဲ့အတွက် ယခင်ကထက်ပိုပြီး တရားမဝင်လာရောက်နေထိုင်မှုတွေများစွာရှိနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က