မေလ(၁)ရက်နေ့ကနေ (၂၈)ရက်နေ့ထိ လူဦးရေ (၈၀၀၀)ကျော်ပြန်လည်ဝင်ရောက်လာပြီးဖြစ်ပါတယ်။

COVID ကာလအတွင်းမှာ ထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံတွေသားတွေဟာ စည်းကမ်းလိုက်နာမှုတွေအားနည်းလျှက်ရှိတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ လုပ်ငန်းတွေလုပ်ဆောင်ရာမှာ အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။

photo - Thant Zin Aung (ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာမှာ တာဝန်ရှိသူတွေက အခုလိုတင်ပြခဲ့ကြတာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာတဲ့ သူတွေက လူဦးရေများပြားပြီး တစ်နေ့နဲ့တစ်နေ့ လူထောင်ချီဝင်ရောက်နေတာကြောင့် တစ်ဦးနဲ့တစ်ဦး (၆)ပေအကွာ Social Distancing နေခိုင်းရာမှာ လိုက်နာမှုတွေမရှိတာက အဓိကအခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

"”ပြန်လည်ဝင်ရောက်လာတဲ့သူတွေကို ကျွန်တော်တို့က နာမည်စာရင်းတွေကောက်တဲ့အခါမှာ သူတို့ရဲ့ အတွေးက အရင်ဆုံးနာမည်ပေးတဲ့သူကေ အရင်ပြန်ရမယ်ထင်ပြီး အတင်းတိုးဝှေ့နေကြတာပါပဲ။ နောက်တစ်ခုက ကားပေါ်တွေတက်တဲ့အခါမှာလည်း နေရာရအောင် အတင်းတိုးဝှေ့တက်ကြတာတွေ အဲဒီအပိုင်းတွေမှာတော့ စည်းကမ်းလိုက်နာမှုတွေအားနည်းကြပါတယ်၊ ပြန်လာတဲ့လူဦးရေကလည်းများတော့ ကျွန်တော်တို့အနေနဲ့ ဒီအပိုင်းတွေမှာ ထိန်းချုပ်ရတာ အခက်အခဲတွေရှိပါတယ်” လို့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြခဲ့ပါတယ်။ 

မြန်မာနိုင်ငံသားတွေမှာ အစကတည်းက အခုလို တန်းစီပြီး စနစ်တကျလုပ်ရမယ့် အရာတွေမှာ အားနည်းပြီး အမြဲတိုးဝှေ့ပြီး လုပ်ဆောင်တက်ကြတာကြောင့် ဒီအပိုင်းတွေမှာ လိုက်နာမှုရှိအောင် သေချာစိစစ်ပြီး ဆောင်ရွက်ကြရမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ပြောကြားခဲ့ပါတယ်။ 

photo - Thant Zin Aung (ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)

မြဝတီနယ်စပ်ဂိတ်ကနေပြန်လာတဲ့သူတွေထဲမှာ ကရင်၊ ကချင်၊ ချင်းနဲ့ နေပြည်တော်က သူတွေကိုတော့ ကရင်ပြည်မှာရှိတဲ့ Quarantine စင်တာတွေမှာပဲထားရှိပြီး ကျန်တိုင်းနဲ့ပြည်နယ်ကလူတွေကိုတော့ သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ကာ မော်တော်ယာဉ်များနဲ့ ပို့ဆောင်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။ 

မေလ (၁)နေ့ကစပြီး ထိုင်းနိုင်ငံကပြန်လာတဲ့ သူတွေကို လက်ခံရမှာ မေလ(၂၈)ရက်နေ့ထိ လူဦးရေ (၈၀၀၀)ကျော်ပြန်လည်ဝင်ရောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

အစိုးရက မေလ(၁)ရက်နေ့ကစပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ပြန်လည်ဝင်ရောက်လာစေရာမှာ နယ်စပ်ဂိတ်တွေကတစ်ဆင့် လက်ခံနေသလို လေကြောင်းလိုင်းကနေလည်း အစိုးရရဲ့ အစီအစဉ်နဲ့ နိုင်ငံအသီးသီးကနေခေါ်ပေးလျှက်ရှိနေပါတယ်။ 

မေလ(၁၆)ရက်နေ့ကနေ (၂၉)ရက်နေ့ထိ ပိုးတွေ့လူနာ (၂၅)ဦးမှာ (၂၄)ဦးကပြည်ပကပြန်လာတဲ့သူတွေဖြစ်ပြီး အဆိုပါ ပိုးတွေ့လူနာများက မလေးရှား၊ ယူအေအီးနဲ့ အိန္ဒိယမှ ပြန်လာသူတွေ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က