မနေ့က စတင်ပို့ဆောင်တာဖြစ်ပြီး ၂၂၅ခု ပို့ထားပြီး ဖြစ်ပါတယ်။

မနေ့က ၂၂၅ခုပို့ထားပြီး ဒီနေ့အတွက် စာရင်းပြုဆဲဖြစ်ကာ လက်ရှိအချိန်ထိ ၁၇၆ခု ရှိနေပြီလို့လည်း သိရပါတယ်။

မြဝတီနယ်စပ်ကတဆင့် မေလ ၂၃ရက်နေ့က စတင်ဝင်ရောက်လာတဲ့ လူတိုင်းကို ကိုဗစ် ရောဂါပိုး ရှိမရှိ ဓာတ်ခွဲစစ်ဆေးသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ ဓာတ်ခွဲနမူနာ ၂၂၅ခုကို ပို့ဆောင်ထားနိုင်ပြီ ဖြစ်ပါတယ်။



မနေ့က ည ၉နာရီမှာ ရန်ကုန်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပြီး ဒီနေ့ မေ ၂၄မှာတော့ နောက်ထပ် အနည်းဆုံး ၁၇၆ ယောက်ရဲ့ ဓာတ်ခွဲနမူနာကို ထပ်မံ ပို့ဆောင်သွားဦးမယ်လို့လည်း မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်က Duwunကိုပြောပါတယ်။

“ကျွန်တော်တို့ မနေ့ညကတော့ ရန်ကုန်ကို ၂၂၅ယောက်ရဲ့ ဓာတ်ခွဲနမူနာကို ပို့ဆောင်ထားနိုင်ပါပြီ။စုစုပေါင်း မနေ့က ဝင်တာ ၆၀၄ယောက်မှာ ဓာတ်ခွဲနမူနာက ၂၂၅ခု ပို့ထားနိုင်တာပါ။ဒီနေ့မှာတော့ ကျွန်တော့်ဆီကို စာရင်း ရောက်နေတာ ၁၇၆ယောက်ရဲ့ နမူနာတော့ ရောက်နေပါပြီ။ထပ်ရောက်ဖို့လည်း ရှိပါတယ်။”လို့ ဦးတေဇာအောင် ကပြောပါတယ်။

မေလ ၂၄ရက်မှာတော့ ထိုင်းအစိုးရအစီအစဉ်နဲ့ ပြန်ရောက်လာသူ စုစုပေါင်း ၃၃၅ဦးနဲ့ ကလေး ၆ဦးပါဝင်လာပြီး အခြား အစီအစဉ်နဲ့ ပြန်လာသူတွေအပါအဝင် စုစုပေါင်း ၁၀၀၀ကျော် ဝင်ရောက်လာပြီး ဖြစ်တယ်လို့ ဦးတေဇာအောင်က ဆက်လက်ပြောပါတယ်။

မနေ့ညက ပို့လိုက်တဲ့ ဓာတ်ခွဲနမူနာ ၂၂၅ခုရဲ့ အဖြေကိုတော့ ပုံမှန်အတိုင်းဆိုရင် ဒီကနေ့ညမှာ သိနိုင်ဖို့ ရှိတယ်လို့လည်း ဦးတေဇာအောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က