လူနာနံပတ်(၉)က မြဝတီကတစ်ဆင့်ပြန်လာတဲ့သူပါ။

မြဝတီ-မဲဆောက်တံတားကတစ်ဆင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူ (၂၃၀၀၀)ကျော်ရှိပြီး အဲဒီထဲကမှCovid 19 ကူးစက်ခံရသူများ ပါဝင်လာနိုင်ချေများပြီး ကပ်ရောဂါကြီးအသွင်ဖြစ်လာနိုင်တဲ့ အလားအလာများနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကလည်းပြောကြားထားပါတယ်။  

 မတ်လ (၂၉)ရက်နေ့ ည ၁၀နာရီ မိနစ် ၃၀ အချိန်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူနာ နံပတ်(၉)မှာ မြဝတီကတစ်ဆင့် ဝင်ရောက်လာသူဖြစ်တယ်လို့ သိရပါတယ်။ 



လူနာ နံပတ် (၁၀)မှာ လည်း လူနာနံပတ် (၅)နဲ့ အနီးကပ်ထိတွေ့ခဲ့သူဖြစ်လို့ မြဝတီကနေ လူနာနံပတ်(၉)နဲ့အတူ ဝင်ရောက်လာတဲ့သူတွေကလည်း လက်ရှိမှာ နေရပ်အသီးသီးကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဝင်ရောက်လာသူတွေရဲ့ စာရင်းနဲ့ နေထိုင်ရာပြမြေပုံတွေကို သက်ဆိုင်ရာမြို့နယ်တွေကို ပေးပို့ထားပြီး မြို့နယ်ဆရာဝန်တွေကဦးဆောင်ကာ အသွားအလာတွေကန့်သတ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ Covid 19 posotive လူနာ (၁၀)ဦးရှိနေပြီဖြစ်ပြီး (၈)ဦးက ပြည်ပကပြန်လာသူတွေနဲ့ (၂)ဦးက ပြည်တွင်းကူးစက်မှုပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က