ရတနာဗို တံတွေးထွေးတာ ခံလိုက်ရတယ်တဲ့။

ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားထဲက ဗီလိန်ကာရိုက်တာဟာ အလင်းရောင်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ကာရိုက်တာ ပီပြင်ဖို့အတွက်  ဒါရိုက်တာဝိုင်းနဲ့ အတူ သေသေချာချာလေ့ကျင့်ခဲ့ရတယ်လို့ သူကပြောပါတယ်။ အဲ့ဒီနောက် ပထမဆုံးအနေနဲ့ ရတနာဗိုရဲ့ အကြိမ်ကြိမ် တံတွေးထွေးတာကိုလည်း ခံလိုက်ရပါတယ်တဲ့။

 

အလင်းရောင်ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားထဲက ကာရိုက်တာကတော့ သူ့အတွက်ရော ပရိသတ်အတွက်ပါ စိန်ခေါ်မှုရှိလာနိုင်မယ့် ဇာတ်ကားဖြစ်လို့ လက်ခံရိုက်ကူးဖြစ်ခဲ့တာပါတဲ့။ ဒါရိုက်တာ ဝိုင်းရဲ့ သေသေချာချာ သင်ကြားပြသပေးမှုတွေကြောင့်ရော၊ ကိုဝိုင်းကလည်း ဗီလိန်ကာရိုက်တာအဖြစ် သရုပ်ဆောင်စေချင်ခဲ့တဲ့ ဆန္ဒကြောင့်ပါ ရိုက်ကူးဖြစ်ခဲ့တာလို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အိုက်တင်လုပ်ရတဲ့ အခက်အခဲဆိုရင်တော့ အကျင့်ယုတ်တာ နဲနဲတော့ခက်တယ်။ ဖွေးဖွေး အရမ်းပူးပြီးတော့ ကို့ကို တွေ့ချင်တဲ့အချိန်မှာ လာ ဖက်တဲ့ဟာမျိုးတို့ တဆင့်ချင်း ပြောင်းလဲသွားတဲ့ ပုံစံတွေကိုလည်း ကိုဝိုင်းက သင်ပြတယ်။ ကျွန်တော်လည်း တက်နိုင်သလောက် အကောင်း ဆုံးဖြစ်အောင် ကြိုးစားထားပါတယ်'' လို့ သူကဆိုပါတယ်။

 

ဒီဇာတ်ကားထဲမှာလည်း တံတွေးအထွေးခံခဲ့ရတာကတော့ အမှတ်တရပါပဲတဲ့ ။ အပြင်မှာရော ၊ ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားတွေထဲမှာရော တစ်ခါ မှ တံတွေးအထွေးမခံခဲ့ရဖူးပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားထဲမှာတော့ အကြိမ်ပေါင်းများစွား တံတွေး အထွေးခံခဲ့ရတယ်လို့ အလင်းရောင်က ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။

'' မှတ်မှတ်ရရ ဇာတ်ဝင်ခန်းဆိုရင်လည်း ရတနာဗိုနဲ့ ဇာတ်ဝင်ခန်းဆိုရင်လည်း ရတနာဗို ဆီလာတဲ့အခန်းမှာ တံတွေးနဲ့ ထွေးတာပေါ့။ အပြင် မှာ တစ်ခါမှ တံတွေးနဲ့အထွေးမခံရ ဖူးဘူး။ ဇာတ်ကားထဲမှာလည်း ဒါ ပထမဦးဆုံးအတွေ့အကြုံပဲ ၅ ခါ ၆ ခါ ၇ ခါလောက်အထိ အထွေးခံ ရ တယ်၊ ဒါကတော့ မှတ်မှတ်ရရပါပဲ'' လို့ ပြောပါတယ်။

ထူးထူးခြားခြားကာရိုက်တာတွေနဲ့ မြင်ရဦးမယ်ဆိုတဲ့ အလင်းရောင် 

ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်အထူးပြပွဲကို တက်ရောက်လာတဲ့ အလင်းရောင်ဟာ ဇာတ်ကားပြန်ကြည့်ပြီးချိန်မှာတော့ သူ့ကိုယ်သူ အားမလို အားမရဖြစ်တဲ့ ဇာတ်ဝင်ခန်းလေးတွေရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း အကောင်းဆုံး ကြိုးစားခဲ့တာပါလို့ အလင်းရောင် က ပြောပါတယ်။

'' အားမလို အားမရဖြစ်တဲ့ အပိုင်းတွေလည်းရှိတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ဒီအခန်းလေးဆိုရင် ဒီလို လုပ်လိုက်ရမှာ ဆိုတဲ့ စိတ်လေး တော့ ဖြစ်မိတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော် လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ ကြိုးစားထားတာ ဖြစ်တဲ့အတွက် ဘာပဲ ပြောပြော အားရပါတယ်'' လို့ သူကဆိုပါတယ်။

 

အလင်းရောင်ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ကားမရိုက်ခင်က ဒါရိုက်တာဝိုင်းနဲ့ အတူ မေမြို့မှာ ကာရိုက်တာအတွက် အသေးစိတ် လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရမယ့် နောင်နောင် ဆိုတဲ့ ဇာတ်ကောင်ကိုတော့ ၃ ရက် မြောက် နေ့မှာ အသက် သွင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က