စိမ်းလဲ့တင်က ဝန်ထမ်းတွေကိုလည်း ပေးရင်ပေးမှာပါ။

နေခြည်ဦးကတော့ ဇာတ်ကားတွေရိုက်ခဲ့တုန်းက အင်္ကျီတွေ၊ ပွဲတက်ခဲ့တုန်းက အဝတ်အစားတွေကို မိခင်ဖြစ်သူ ကနေတဆင့် လှူမယ်လို့ဆိုပါတယ်။ 

Photo: Nay Chi Oo



နေခြည်ဦးကတော့ သူမရဲ့ အဝတ်အစားတွေကို လိုအပ်တဲ့နေရာတွေမှာ မိခင်ကနေတဆင့် လှူလိုက်မယ်လို့ ဆိုပါတယ်။ ညီမငယ်လေး လိုချင်တဲ့ အင်္ကျီလေးတွေကိုတော့ စိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားတယ်လို့ သူကပြောပါတယ်။ 

“ နေခြည်က ဒီရက်ပိုင်း ဖေဖေ မေမေ တို့နေတဲ့ အိမ်က နေခြည့်အခန်းထဲက အဝတ်တွေကို ရှင်းဖြစ်ပါတယ်။ ဒီအဝတ်တွေထဲကမှာ ညီမလေးအတွက်ရော မေမေ့ကိုပေးဖို့ပေါ့။ အရင်တုန်းက နေခြည် ဝလာရင်ဝတ်ဖို့၊ ပိန်သွားရင် ဝတ်ဖို့ဆိုပြီး ဝယ်ထားတဲ့ အဝတ်တွေ အထပ်လိုက်ပါပဲ။ ရုပ်ရှင်ရိုက်တုန်းက အင်္ကျီတွေရော၊ နေခြည် လုံးဝမဝတ်တော့မယ့် အင်္ကျီတွေလည်း ရှိတယ်။ တစ်ခါလောက်ပဲ ဝတ်ပြီး ပွဲတက်၊ Vlog ရိုက်တဲ့ ဟာတွေလည်းရှိတယ်။ ညီမလေးကို ပေးဖို့ ဖယ်ထားတဲ့ဟာတွေလည်းရှိတယ်။ ကျန်တာကို မေမေ့ကို ပေးလိုက်မယ်။ သူ့အနေနဲ့ တကယ်လိုအပ်တဲ့သူတွေ၊ နေခြည်တို့က စိမ်းလဲ့တင်လည်းရှိနေတော့ စိမ်းလဲ့တင်မှာရှိတဲ့ ဝန်ထမ်းတွေကိုပေးချင်လည်းပေး၊ သူ လှူချင်တဲ့ လူတွေကိုလည်း လှူမယ်လို့ ထင်ပါတယ်။ နေခြည်လည်း ကုသိုလ်ရတာပေါ့နော်” ဆိုပြီးတော့ မေလ ၁၆ ရက်နေ့ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ခဲ့တဲ့ Vlog လေးထဲမှာ ပြောထားတာ ဖြစ်ပါတယ်။ 

Photo: Nay Chi Oo

နေခြည်ဦးဟာ ကိုယ်ပိုင်စီးပွားရေး အလုပ်ကိုလည်း ဦးဆောင်နေရသူဖြစ်တာကြောင့် အလုပ်နဲ့ပိုနီးအောင် မိဘတွေနဲ့ အိမ်ခွဲနေတယ်လို့ ဆိုပါတယ်။ သူမရဲ့ အခန်းဟောင်းလေးကိုလည်း အရမ်းသတိရတယ်လို့ ဆိုပါတယ်။ 

“ နေခြည့်အခန်းလေးဆီကို နေခြည်ပြန်လာမှာပါ။ တစ်ဖက်အိမ်ကလည်း ရုံးနဲ့ အိမ်နဲ့ တွဲထားတာဆိုတော့ အဲဒီမှာ သွားနေတာပါ။ ဒီအခန်းလေးကို မြင်တော့ အရမ်းသတိရတာတော့ အမှန်ပဲ။ အခုပြောင်းသွားတဲ့ အခန်းထက်စာရင်တော့ နေခြည့်ရဲ့ အခန်းဟောင်းလေးက အကျယ်ကြီးပါပဲ” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nay Chi Oo

နေခြည်ဦးက သူမရဲ့ ညီမလေးကိုလည်း အနုပညာအလုပ် လုပ်စေချင်တဲ့ ဆန္ဒရှိတယ်လို့ ဒီ Vlog လေးထဲမှာ ပြောပြထားပါတယ်။ သရုပ်ဆောင်မှုတွေ၊ လေ့ကျင့်ခန်းတွေ၊ Social Media နဲ့ ထိတွေ့မှုတွေ အပြင် အနုပညာရှင်တစ်ယောက်၊ Influencers တွေရဲ့ လှုပ်ရှားသွားလာမှုတွေကို လေ့လာဖို့အတွက်လည်း သူမက သင်ပြပေးနေတာ တွေ့ရပါတယ်။ နေခြည်ဦးရဲ့ ညီမငယ်လေး စိမ့်ကိုလည်း အခုချိန်မှာ ပရိသတ်အားပေးမှု ရရှိလာတာ တွေ့ရပါတယ်။

Photo: Nay Chi Oo

နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က