ကျွန်တော်တို့အတွက် စိတ်မချဘူးထင်တယ်။

အဖေ့ကို အသက်ရှည်ရှည် နေသွားစေချင်ပေမယ့်လည်း အခုလို (၆၁)နှစ်မှာ ရုတ်တရက် အားလုံးကို စွန့်ခွာ သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

နိုင်ငံကျော် မြန်မာအဆိုတော် တွံတေးစိုးအောင်ဟာ ယနေ့(မတ်လ ၉ ရက်) နံနက် ၂ နာရီ ၃ မိနစ်အချိန်ခန့်မှာ ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက်ကွယ်လွန်းသွားခဲ့တာ ဖြစ်ပြီး တွံ‌တေးစိုးအောင်ရဲ့ နောက်ဆုံးအခြေအနေ နဲ့ ပတ်သက်ပြီး သားဖြစ်သူ တွံတေးဟိန်းကျော်က ယခုလို ပြောပြခဲ့ပါတယ်။


“အဖေနဲ့ အတူတူ ပွဲတွေ သွားဆိုနေကျ။ မနေ့ညက စကား‌တွေ ဝါးလာပြီး လျှာတွေလိပ်လာလို့ အခြေအနေ မကောင်းဘူးဆိုတာသိလို့ တက္ကစီ သမားတွေဆီ အကူအညီ တောင်းပြီး ဆေးရုံတင်လိုက်ရတယ်။ လမ်းမှာကတည်းက သတိက ရတစ်ချက် မရတစ်ချက် ဖြစ်နေပြီးဆေးရုံရောက်တော့ သတိက လစ်သွားတယ်။ ဓာတ်မှန်ရိုက်တော့ သွေးကြော ပိတ်တယ်တဲ့ ပြီးတော့ လေဖြန်းသွားတယ်။အဖေက နဂိုကတည်းက သွေးတိုးရှိတယ်။ အဲ့နေ့ကလည်း သွေးက မငြိမ်ဘူး တက်လိုက် ညလိုက်ဖြစ်နေတာ။ သူ့ကိုယ်သူမရတော့ဘူးဆိုတာ သိတဲ့ အချိန်မှာ အဖေငိုသွားတယ်။ စိတ်ထဲအရမ်းမကောင်းဘူး သူသေမှာကြောက်လို့ ငိုတာမဟုတ်ဘူး။ အဖေက သူ့အတွက် ငိုတာ မဟုတ်ဘူး အဖေသေသွားရင် ကျွန်တော်တို့ ကျန်ခဲ့တဲ့ သူတွေ ဒုက္ခ ရောက်မယ်ဆိုတာ သိလို့ ငိုသွားတာ သားတစ်ယောက်အနေနဲ့ ဘယ်လိုမှ မခံစားနိုင်ဘူး” ဆိုပြီး ဖခင်ရဲ့ နောက်ဆုံး အခြေအနေကို ဝမ်းနည်းစွာ ပြောပြလာခဲ့တာပါ။

ဖခင်နဲ့အတူတူ ပွဲတွေ အတူတူသွားနေကြဖြစ်တဲ့ သူ့အတွက် ဖခင်မပါတဲ့ ပွဲတွေမှာ ဘယ်လို သီချင်းဆိုရမလဲ တောင် မသိတော့တဲ့ အခြေအနေ ဖြစ်နေရပါပြီ။အဖေ့ကို အသက်ရှည်ရှည် နေသွားစေချင်ပေမယ့်လည်း အခုလို (၆၁)နှစ်မှာ ရုတ်တရက် အားလုံးကို စွန့်ခွာ သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူးလို့ သားဖြစ်သူ တွံတေးဟိန်းကျော်က ဆက်လက်ပြောပြခဲ့ပါသေးတယ်။

“အဖေ အခုလို ရုတ်တရက်ဖြစ်သွားတာ ကျွန်တော့်အတွက် မြင့်မိုရ်တောင်ကြီး ပြိုကျသွားသလိုပါပဲ။ ကျွန်တော့်အတွက် ဒီဘဝတော့ ပြန်မရနိုင်တော့တဲ့ အဖေ ပါ မြင့်မိုရ်တောင်ကြီးပြိုကျသွားသလိုပါပဲ ကျွန်တော် အရမ်းခံစားရတယ်။ အဖေနဲ့အတူ ပွဲတွေ သွားနေကြလေ အဖေ့ကို အဲ့လို ဖြစ်သွားမယ်လို့ မထင်ထားဘူး” လို့ သူက ဆိုပါတယ်။

မြန်မာသံ အဆိုတော်ကြီး တွံတေးစိုးအောင် ကွယ်လွန်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီး အနုပညာမောင်နှစ်မတွေသာမက ပရိသတ်တွေများကပါ ဝမ်းနည်းကြွေကွဲလို့ နေပါတယ်။ 


တွံတေးစိုးအောင် မြန်မာသံတေးသီချင်းအများအပြားကို မယ်ဒလင်တူရိယာဖြင့် သီဆိုခဲ့သူဖြစ်ပြီး မြို့ပေါ်နေပရိတ်သတ်အပြင် နယ်ပရိတ်သိတ်အများအပြား၏ အားပေးမှုကို ရရှိခဲ့သူ လည်း ဖြစ်သည်။

၎င်း၏ "အရင်ရည်းစားထက်ပို ချစ်တယ်" တေးစီးရီးအပါအဝင် သီချင်းအများအပြားသည် ပရိတ်သတ်များအကြားတွင် ထင်ထင်ရှားရှားရှိခဲ့ပြီး ရုပ်ရှင်ဇာတ်လမ်းများတွင် ပါဝင်သရုပ် ဆောင်မှုရှိခဲ့သည်ကို တွေ့ရသည်။

နိုင်ငံတော်အဆိုတော်တွံတေးစိုးအောင်သည် ရန်ကုန်တိုင်း၊ တွံတေးမြို့၊ ကျုံးကြီးရပ်ကွက်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး သားလေး တစ်ယောက် ထွန်းကားကာ သူ့ရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။သေဆုံးချိန်မှာ အသက်(၆၁)နှစ် ရှိပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က