ဂွန်ဒိုဂန်ကို အချိန်မီ မှတ်ပုံတင်နိုင်ဖို့ လိုအပ်ပါတယ်။

ဘာစီလိုနာဟာ မန်စီးတီး အသင်းခေါင်းဆောင် ဂွန်ဒိုဂန်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ရာသီမစခင်မှာ ဒီ ဂျာမန်လက်ရွေးစင်ဟောင်းကို တရားဝင်မှတ်ပုံမတင်နိုင်ခဲ့ရင် ဂွန်ဒိုဂန်တစ်ယောက် ဘာစီလိုနာကို ပြန်လည်စွန့်ခွာသွားနိုင်ကြောင်း သတင်းထွက်လာပါတယ်။



ဘာစီလိုနာဟာ ဂွန်ဒိုဂန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာရဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် ဂွန်ဒိုဂန်ကို ဘာစီလိုနာ ကစားသမားအဖြစ် သတ်မှတ်ချိန်အတွင်း တရားဝင်မှတ်ပုံမတင်နိုင်တဲ့ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရလာနိုင်ပါတယ်။

ဂွန်ဒိုဂန်ဟာ ဘာစီလိုနာနဲ့ (၂) နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ်တစ်နှစ် ထပ်တိုး စာချုပ်ချုပ်ဆိုခွင့်ရှိနေပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ စာချုပ်ထဲမှာ ဘာစီလိုနာအနေနဲ့ ဂွန်ဒိုဂန်ကို အပြောင်းအရွှေ့မပိတ်ခင် အချိန်မီ စာချုပ်သက်တမ်း မတိုးနိုင်ဘူးဆိုရင် အသင်းကနေ ပြန်လည် ထွက်ခွာခွင့်ပြုရမှာဖြစ်ကြောင်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

ဘာစီလိုနာဟာ ဂွန်ဒိုဂန်အတွက် တစ်နှစ်လုပ်ခ အခွန်ဆောင်ပြီး ယူရို (၉) သန်း ပေးချေရမှာဖြစ်ပါတယ်။ ဒီကစားသမားကို မှတ်ပုံတင်ဖို့အတွက် ဘာစီလိုနာတို့ ကစားသမားအချို့ကို ထုတ်ရောင်းရဖွယ်ရှိပြီး မနှစ်ကလို အဖြစ်အပျက်မျိုးနဲ့ ထပ်မံ ရင်ဆိုင်ရနိုင်ကြောင်း သတင်းတွေက ဆိုနေပါတယ်။ ဘာစီလိုနာဟာ ဒီနွေရာသီမှာ သူတို့ရဲ့ ဂန္တဝင်ဟောင်း မက်ဆီကိုလည်း ပြန်လည် မခေါ်ယူနိုင်ခဲ့ပါဘူး။

အသင်းအနေနဲ့လည်း ဘဏ္ဍာရေးပြဿနာတွေနဲ့ ကြုံတွေ့နေရဆဲဖြစ်ပြီး မနှစ်ကလည်း ကွန်ဒေးကို ခေါ်ယူခဲ့ပြီးမှ ရာသီစတင်ပြီးချိန်အထိ တရားဝင်ကစားသမားအဖြစ် မှတ်ပုံမတင်နိုင်ခဲ့တဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အဲ့ဒါကြောင့်လည်း ဂွန်ဒိုဂန်တစ်ယောက် သူ့ရဲ့ စာချုပ်ထဲမှာ ဒီဖြစ်ရပ်တွေအတွက်ပါ စနစ်တကျ စီစဥ်ထားပြီး ဘာစီလိုနာတို့ ဖလား (၃) လုံး လက်ရှိချန်ပီယံကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အသင်းတွင်းပြဿနာကို စောစောစီးစီး ဖြေရှင်းဖို့ လိုအပ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က