လာမယ့်အပတ်တွေမှာ စပြီး လုပ်ဆောင်သွားမှာပါ

အလိုအလျောက် မျက်နှာပြင်မှတ်သားတဲ့စနစ်ကို ဖျက်သိမ်းမယ်လို့ Facebook က ကြေညာလိုက်ပါတယ်။

မျက်နှာတွေကို မှတ်ထားပြီး Tagging ထိုးတဲ့ စနစ်ကို ဖျက်တော့မှာ ဖြစ်ပြီး ဒီအပြောင်းအလဲရဲ့ အကျိုးဆက်အနေနဲ့ အရင်က မှတ်ထားတဲ့ လူမျက်နှာပြင်မှတ်သားတဲ့ Templates ပေါင်း သန်း ၁၀၀၀ ကျော်ကို ဖျက်လိုက်တော့မှာ ဖြစ်ပါတယ်။ ဓါတ်ပုံတွေထဲမှာ ပါတဲ့လူမျက်နှာကို ဖတ်ပြီး ဘယ်သူဆိုတာ ဖော်ပြတဲ့ဒီစနစ်ဟာ တရားစွဲခံရတဲ့အထိ ပြဿနာတက်ခဲ့တဲ့ Feature တစ်ခုလည်း ဖြစ်ပါတယ်။




Photo: GSMArena

ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာပဲ သုံးစွဲသူခွင့်ပြုချက်မပါဘဲ မျက်နှာပြင်ဖတ်နည်းပညာသုံးတာဟာ ဥပဒေမဲ့ဇီဝအချက်အလက်ရယူမှုမြောက်တာကြောင့် အီလီနွိုက်စ်ပြည်နယ်မှာ တရားစွဲခံရပြီး Facebook ဘက်က အီလီနွိုက်စ် Facebook User တစ်ဦးကို ဒေါ်လာ ၄၀၀ နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ သန်း ၆၅၀ ကျော် လျော်ကြေးပေးဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ အခုတော့ ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေထဲမှာ လူမျက်နှာကို အလိုအလျောက်ဖတ်ရှုမှတ်သားတဲ့စနစ် ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။ 

အခုလို မျက်နှာပြင်ဖတ်ပရိုဂရမ်ကို ဖြုတ်ချလိုက်တာကြောင့် နောက်ပိုင်း Memories ၊ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေထဲမှာ လူတွေရဲ့ မျက်နှာကို အလိုအလျောက် ခွဲခြားမှတ်သားနိုင်တော့မှာ မဟုတ်သလို ဒီ feature ကို ပြန်ဖွင့်လို့လည်း ရတော့မှာ မဟုတ်ပါဘူး။ ကုမ္ပဏီဘက်ကတော့ သုံးစွဲသူတွေအနေနဲ့ ပို့စ်တွေမှာ ကိုယ့်ဘာသာ Manually tag တွဲကြဖို့ တိုက်တွန်းထားပါတယ်။ 

Photo: CNBC


မျက်မမြင်တွေအတွက် ဓါတ်ပုံအညွှန်း ဖန်တီးထားတဲ့ Automatic Alt Text ထဲမှာလည်း မှတ်သားထားတဲ့ပုံတွေထဲက လူနာမည်တွေ ပါတော့မှာ မဟုတ်ပါဘူး။ Face Recognition Tagging System ဖျက်သိမ်းမှုဟာ လာမယ့် သီတင်းပတ်တွေထဲမှာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ GSMArena သတင်းက ဖော်ပြပါတယ်။ အခုလို မျက်နှာပြင်ဖတ်စနစ် ဖျက်သိမ်းရခြင်းအကြောင်းက ဥပဒေပြုအဖွဲ့တွေဘက်က ရှင်းလင်းတဲ့စည်းမျဉ်းတွေ ထုတ်မပေးနိုင်သေးချိန်မှာ Facial Recognition သုံးမှုအပေါ် လူမှုရေးဆိုင်ရာစိုးရိမ်မှုတွေ မြင့်တက်လာတာကို ဖြေလျှော့ဖို့လုပ်ဆောင်လိုက်တာပါ။

"ရှေ့ဆက်ဖြစ်လာမယ့် မသေချာမရေမှုတွေအကြားမှာ မျက်နှာပြင်ဖတ်နည်းပညာကို ကိစ္စတချို့တလေအတွက်လောက်ပဲ သုံးတာက သင့်တော်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။"လို့ ကုမ္ပဏီက ဆိုပါတယ်။ 

Facebook ရဲ့ ကြေညာချက်ထဲမှာ ကုမ္ပဏီရဲ့ နေ့စဉ်ပုံမှန်သုံးစွဲသူတွေရဲ့ သုံးပုံတစ်ပုံကျော်ဖြစ်တဲ့ အကောင့်သန်း ၆၀၀ ကျော်ဟာ မျက်နှာပြင် ဖတ်ရှုမှတ်သားတဲ့နည်းပညာကို အသုံးပြုဖို့ ရွေးချယ်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က