Horror ကား ပရိသတ်​စောင့်​မျှော်​နေတဲ့ ဇာတ်ကားပါ။

Horror ဇာတ်ကားတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဒါရိုက်တာ ညိုမင်းလွင်ရဲ့ “The Teacher “ရုပ်ရှင် ထွက်ရှိလာ​တော့မှာပါ။ မျက်နှာသစ် သရုပ်ဆောင်တွေကို Audition အဆင့်ဆင့်ရွေးချယ် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားက ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျမယ်လို့ ​မျှော်လင့်ရပါတယ်။

Photo ; The Teacher Page

မျက်နှာသစ်တွေနဲ့ ပုံဖော် ရိုက်ကူးထားပေမယ့်လည်း ဒါရိုက်တာ ညိုမင်းလွင်ရဲ့ သွန်သင်ဆုံးမမှု လက်အောက်မှာ အကောင်းဆုံး ပါဝင်ကြိုးစားထားကြတာကိုလည်း The Teacher မှာ တွေ့မြင်ရမှာပါ။ ပရိသတ်တွေသိတဲ့ သရုပ်ဆောင်တွေ တစ်ယောက်မှ မပါဘဲ သရုပ်ဆောင်ဝါသနာပါတဲ့ မျက်နှာသစ် လူငယ်တွေနဲ့ ဖန်တီးထားတဲ့အပေါ် ပရိသတ်တွေအတွက် ရသ အသစ်ကို ပေးစွမ်းနိုင်လိမ့်မှာဖြစ်သလို သူ့အတွက်လည်း စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က ဆိုပါတယ်။

“ဒီကားမှာ သရုပ်ဆောင် တစ်ယောက်မှ မပါဘူး။ တကယ့် အပြင်လူ အစစ်တွေ ရွေးချယ်ခဲ့တာကြောင့် ဒီဇာတ်ကားဟာ ပရိသတ်​တွေအတွက် လုံးဝအသစ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဖန်တီးတဲ့အချိန်မှာလည်း ကိုယ်ကိုယ်တိုင် အသစ်ဖြစ်ခဲ့တယ်၊ ပရိသတ်သိတဲ့ လူတွေ တစ်ယောက်မှာ မပါထားတာကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်စေပါတယ်။ ကျွန်တော် သရုပ်ဆောင် အသစ်တွေနဲ့ ရိုက်ထားတဲ့ အပေါ်မှာ အခု နမူနာ တင်ထားသလောက် ပရိသတ်တွေဆီက လာတဲ့ စကားသံတွေ နားထောင်ကြည့်သလောက်ကတော့ သရုပ်ဆောင်သစ်တွေရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ကောင်းကြတယ်ဆိုတဲ့ စကားသံပဲ ကြားရတဲ့အတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဒါဟာ ဒီဘက်ခေတ်မှာတော့ ပထမဆုံးပဲ ဖြစ်ပါလိမ့်မယ်။ ဒီဇာတ်ကားကို ကြည့်ရှုပြီးတော့ ပရိသတ်တွေဆီက အသံကိုပဲ နားထောင်ကြည့်ချင်ပါတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင်ကပြောပါတယ်။

ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ဒီ Horror ဇာတ်ကားဟာ လျှို့ဝှက်ချက်တွေ များစွာ ပြည့်နှက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးထားကာ ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကိုယ်တိုင် ဇာတ်လမ်းတစ်ပုဒ်လုံးကို သိခွင့်မရခဲ့ကြတာပါပဲ။ ဇာတ်လမ်းရဲ့ မြှုပ်ကွက်တွေနောက်ကို လိုက်ရင်း ငယ်ဘဝရဲ့ ကျောင်းစာသင်ခန်းတွေထဲ ပြန်ရောက်သွားသလို ခံစားရစေမှာ အမှန်ပါ။

The Teacher ကား Premiere ပွဲလည်း မတ်လ(၃) ရက်နေ့ ညပိုင်းက သမ္မတရုံမှာ ပြုလုပ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက လူကြီးတွေ ၊ အနုပညာ အသိုင်းအဝိုင်းက အနုပညာရှင်တွေများစွာ တက်ရောက်ခဲ့ကြပါတယ်။ ဒီဇာတ်ကားကို ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေး ၁၅ နှစ်မြောက် နှစ်ပတ်လည်အနေနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး လာမယ့် မတ် ၁ဝ ရက်နေ့မှာ The Teacher ကို ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးထားပြီး မြယာ၊ မြတ်၊ ဝင်းလဲ့ရွှေရည်၊ လင်းထည်ဝါ၊ သန်းဓနစိုး၊ ဂျွန်နိုင်းအောင်၊ ပိုင်သစ်၊ မိုးယံ၊ နှင်းဝတ်ရည်၊ အိမ့်ဂျူရီမွန်၊ မှုနံ့သာ စတဲ့ သူတွေက ပါ ဝင်သရုပ်ဆောင်ထားကြပါတယ်။ The Teacher ကားက အဖြူအစိမ်းဝတ်ထားတဲ့ သရဲဆရာမပုံတစ်ပုံစတင်ခဲ့တဲ့နေ့ကနေ အခု Premiere ဖြစ်လာတဲ့အထိ ပရိသတ်စိတ်ဝင်စားမူရရှိခဲ့တဲ့ ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က